ကျိုက်လတ်မြို့နယ်၌ လျှပ်စစ်ဓာတ်အားချွေတာရေး အသိပညာပေး နံရံကပ်ဘုတ်ပြသ

ကျိုက်လတ်   ဒီဇင်ဘာ   ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြေစိုက်နံရံကပ်ဘုတ်တွင် မြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းနှင့်       မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ ပြည်သူများ လျှပ်စစ် ဓာတ်အားချွေတာရေးနှင့် ပတ်သက်သည့် အသိပညာများ ရရှိစေရေးအတွက် လျှပ်စစ်ဓာတ်အားချွေတာရေး အသိပညာပေး မြေစိုက်နံရံကပ် ဘုတ်အား ယနေ့နံနက်(၁၀)နာရီက ပြသဆောင်ရွက် ခဲ့သည်။

အဆိုပါ မြေစိုက်နံရံကပ်ဘုတ်တွင် ဓာတ်အားသုံးစွဲသူပြည်သူများအနေဖြင့် လျှပ်စစ်ဓာတ်အား ချွေတာသုံးစွဲနိုင်မည့်နည်းလမ်းများ၊ လျှပ်စစ် အန္တရာယ်၊ လျှပ်စစ်မီးသုံးစွဲရာတွင် လိုက်နာရမည့်၊ ဆောင်ရန်၊ ရှောင်ရန်အချက်များ ပြည့်စုံစွာ ထည့်သွင်းပြသခဲ့ပြီး အများပြည်သူမှ အဆိုပါ မြေစိုက်ဘုတ်အား စိတ်ပါဝင်စားစွာဖြင့် လာရောက်လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

ဌေးဌေးလှိုင်

မြို့နယ်(ပြန်/ဆက်)