(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို စာအုပ်၊ စာစောင်ပြပွဲနှင့် ကာယစွမ်းရည်ပြိုင်ပွဲများ ကျင်းပ
Dec 20,2021
ကျောင်းသား/သူများအနေဖြင့် လွတ်လပ်ရေးနေ့ဖြစ်ပေါ်လာပုံအကြောင်းအရာများကို သိရှိပြီး လွတ်လပ်ရေးကို အမြတ်တနိုး တန်ဖိုးထားတတ်စေရန်၊ အသိဉာဏ်ပညာ ဗဟုသုတများ ပြည့်စုံ ကြွယ်ဝသည့် အနာဂတ်မျိုးဆက်သစ် လူတော်လူကောင်းများအဖြစ် ပေါ်ထွန်းလာစေရန်၊ ကာယ စွည်းရည် တိုးတက်မြင့်မားလာပြီး ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်လိုစိတ်များ ဖြစ်ပေါ်လာစေ ရန်၊ နိုင်ငံချစ်စိတ်နှင့် မျိုးချစ်စိတ်များ ရှင်သန်ထက်မြက်လာစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ စာအုပ်၊စာစောင်ပြပွဲနှင့် ကာယ စွမ်းရည်ပြိုင်ပွဲများကို ယနေ့ နံနက် (၁၀)နာရီခွဲအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ကော့ကရိတ်ခရိုင်ရုံး (Community Centre)ခန်းမ၌ ကျင်းပသည်။