ကျောက်ဆည်မြို့နယ် သင်္ဂတုံကျေးရွာ၌ ဆဌမအကြိမ်မြောက် မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေကျပ် (၄၂၀)သိန်း ထုတ်ချေးပေး

ကျောက်ဆည်   ဒီဇင်ဘာ  ၂၀

မန္တလေးတိုင်းဒေသကြီး၊  ကျောက်ဆည်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ တစ်ပိုင်တစ်နိုင် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ လုပ်ကိုင်ပြီး ဝင်ငွေ တိုးပွားစေရန်နှင့် ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန်အတွက်  မြစိမ်းရောင် ကျေးရွာ စီမံကိန်း ရန်ပုံငွေများ ထုတ်ချေးပေးလျက်ရှိရာ ယနေ့နံနက်(၁၀)နာရီက  သင်္ဂတုံကျေးရွာ၌ ဆဌမအကြိမ်မြောက် မြစိမ်းရောင် စီမံကိန်းရန်ပုံငွေကျပ်(၄၂၀)သိန်း ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

မြစိမ်းရောင် ကျေးရွာစီမံကိန်းရန်ပုံငွေများ ထုတ်ချေးပေးရာတွင် စိုက်ပျိုးရေးလုပ်ငန်း အေအဆင့် လုပ်ကိုင်သူ(၁၉)ဦးအတွက် ငွေကျပ်(၅၇)သိန်း၊ဘီအဆင့်လုပ်ကိုင်သူ (၃၀)ဦး အတွက် ငွေကျပ်(၇၅) သိန်း၊ စီအဆင့်လုပ်ကိုင်သူ (၃၄)ဦးအတွက် ငွေကျပ်(၆၈)သိန်း၊ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူ (၁၃၃)ဦးအတွက် ငွေကျပ် (၁၉၉)သိန်း ငါးသောင်း၊ အရောင်းအဝယ် အေအဆင့်လုပ်ကိုင်သူ (၂)ဦး အတွက် ငွေကျပ်(၆)သိန်း၊ ဘီအဆင့်လုပ်ကိုင်သူ(၂)ဦးအတွက် ငွေကျပ်(၄)သိန်း၊ စီအဆင့်လုပ်ကိုင် သူ(၅)ဦးအတွက် ငွေကျပ်(၇)သိန်း ငါးသောင်း၊ အသက်မွေးဝမ်းကျောင်းလုပ်ကိုင်သူ (၁)ဦးအတွက် ငွေကျပ်(၃)သိန်း စုစုပေါင်းငွေကျပ်(၄၂၀)သိန်း ထုတ်ချေး ပေးခဲ့ကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ် သင်္ဂတုံကျေးရွာတွင် အိမ်ခြေ၊အိမ်ထောင်စု(၂၀၀)စု၊ လူဦးရေ(၁၀၄၇)ဦး နေထိုင် လျက်ရှိပြီး မြစိမ်းရောင်ကျေးရွာ စီမံကိန်း ရန်ပုံငွေများကို ဒေသခံပြည်သူများ မိသားစုဝင်ငွေ တိုးပွားစေရန်၊ လူမှုစီးပွားဘဝ ပိုမိုတိုးတက်စေရန်အတွက် ကျေးရွာ(၃၆)ရွာတွင်လည်း ထုတ်ချေးပေး ထားကြောင်း မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ  လက်ထောက် ညွှန်ကြာရေးမှူး ဒေါ်သင်းသင်းအေးထံမှ သိရသည်။

သက်မောင်(ကျောက်ဆည်)