မေထုန်မဲ့သားစပ်ခြင်း၊ တိရစ္ဆာန်အစာပင်စိုက်ပျိုးခြင်း၊ မြက်ချဉ်ဖတ်ပြုလုပ်ခြင်းနှင့် ဇီဝမြေသြဇာပြုလုပ်နည်း သင်တန်းဖွင့်ပွဲကျင်းပ

တောင်ကြီး ဒီဇင်ဘာ ၂၀

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ရှမ်းပြည်နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော နွားမေထုန်မဲ့သားစပ်ခြင်း၊ တိရစ္ဆာန်အစာပင် စိုက်ပျိုးခြင်း၊ မြက်ချဉ်ဖတ်ပြုလုပ်ခြင်းနှင့် ဇီဝဓာတ်မြေသြဇာပြုလုပ်နည်း သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီတွင် တောင်ကြီးခရိုင်၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနရုံး၊ နောင်ရင်းခန်းမတွင် ကျင်းပခဲ့သည်။

မေထုန်မဲ့သားစပ်ခြင်း၊ တိရစ္ဆာန်အစာပင်စိုက်ပျိုးခြင်း၊ မြက်ချဉ်ဖတ်ပြုလုပ်ခြင်းနှင့် ဇီဝမြေသြဇာ ပြုလုပ်နည်း သင်တန်းဖွင့်ပွဲတွင် ရှမ်းပြည်နယ်မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန၊ ပြည်နယ်ဦးစီးဌာနမှူး ဒေါက်တာ ဝင်းဇင်မောင်က နွားမေထုန်မဲ့သားစပ်နည်းနဲ့ ဆောင်ရွက်သွားမှာဖြစ်ပြီး အဲဒီလိုဆောင်ရွက်တဲ့အခါ ဌာနရဲ့ ဝန်ထမ်းအင်အားနဲ့တင် မလုံလောက်ခြင်း၊ ဒါကြောင့်သက်ဆိုင်ရာမြို့နယ်တွေမှာ မေထုန်မဲ့သားစပ် ကျွမ်းကျင်သူတွေကို သင်တန်းပေးမွေးထုတ်ပြီး မိမိဒေသမှာ မေထုန်မဲ့သားစပ်လုပ်ငန်းများ ဆောင်ရွက်သွားရမှာဖြစ်ပြီး နွားမေထုန်မဲ့ သားစပ်ကျွမ်းကျင်သူများမွေး ထုတ်ပေးနိုင်ဖို့အတွက် အခုလိုသင်တန်းတွေကို ညွှန်ကြားရေးမှူးချုပ်ရုံးက ကျွမ်းကျင်သူ ပညာရှင်များနဲ့ပေါင်းစပ်ပြီး သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း သင်တန်း ဖွင့်လှစ်ရ သည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။

သင်တန်းတွင် မေထုန်မဲ့သားစပ်လုပ်ငန်းသမိုင်း၊ နွားမေထုန်မဲ့သားစပ်ခြင်းနှင့် နွားမမျိုးပွားအင်္ဂါ စပ်သပ်ခြင်း (လက်တွေ့)၊ ဇီဝဓာတ်မြေသြဇာပြု လုပ်ခြင်းအကျိုးကျေးဇူးများ မေထုန်မဲ့သားစပ်ခြင်း၏ အကျိုးကျေးဇူးနှင့် ဆိုးကျိုးများ၊ မေထုန်မဲ့သားစပ်ကိရိယာများပြင်ဆင်ခြင်း၊ မျိုးအောင်မြင်မှုကို အကျိုးသက်ရောက်စေသော အချက်များ ခေါင်းစဉ်များ သင်တန်းနည်ပြများက ပို့ချရှင်လင်းတင်ပြခြင်းများနှင့် သင်တန်းကာလကို ၂၀-၁၂-၂၁ မှ ၃၀-၁၂-၂၁ ရက်နေ့အထိ ၁၀ ရက်ကိုစာတွေ့/လက်တွေ့ သင်ကြားပေးသွားမည် ဖြစ်ပြီး သင်တန်းသား/သူ စုစုပေါင်း (၂၅) ဦး တက်ရောက်ကြောင်း သိရသည်။

အဆိုပါသင်တန်းသို့ ရှမ်းပြည်နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး၊ ညွှန်ကြားရေးမှူးချုပ်ရုံးမှ ဒုတိယညွှန်ကြားရေးမှူးနှင့်အဆင့် သင်တန်းနည်းပြများ၊ တောင်ကြီးခရိုင်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးနှင့်ဝန်ထမ်းများ၊ တောင်ကြီးခရိုင်အတွင်းရှိ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးများနှင့် သင်တန်းသား/သင်တန်းသူ ၂၅ ဦးတက်ရောက်ခဲ့ကြကြောင်း သိရသည်။

စိုင်းသန်းကျော်(တောင်ကြီး)