မိုင်းရယ် ဒီဇင်ဘာ ၂၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ မိုင်းရယ်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ပြန့်ပွားမှု များကို ကာကွယ်ထိန်းချုပ်ကုသနိုင်ရေးအတွက် ပြည်သူများအား အသိပညာပေးခြင်းအဖြစ် ယမန်နေ့ ည (၇)နာရီ ကိုဗစ်-၁၉ ရောဂါ အသိပညာပေး ဆော်ဩမှုများကို ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ အသိပညာပေး ဆော်ဩမှုများကို မိုင်းရယ်မြို့နယ်၊ မြို့ပေါ် ရပ်ကွက်များ အတွင်းတွင် လည်းကောင်း၊ ကျေးရွာများသို့လည်းကောင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးများ လာရောက်ထိုးနှံကြရန်နှင့် မလိုအပ်ပဲ အပြင်မထွက်ရန်၊ စနစ်တကျ လက်ဆေးရန်နှင့် အပြင်ထွက်တိုင်း နှာခေါင်းစည်းများတပ်ဆင်ရန် မိုင်းရယ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မီးသတ် တပ်ဖွဲ့များပူးပေါင်း၍ မြို့ပေါ်ရပ်ကွက်များနှင့် ကိုဗစ်-၁၉ အသိပညာ ပေးဆော်ဩမှုများကို စဉ်ဆက် မပြတ် အသိပေးနှိုးဆော်လျက်ရှိကြောင်းသိရသည်။
ကျော်ဇင်ထိုက်