ဖြူးမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ အရိုးကျီးပေါင်းရောဂါအကြောင်း သိကောင်းစရာ အသိပညာပေး ဆွေးနွေးပွဲ Talk Show ပြုလုပ်

ဖြူး ဒီဇင်ဘာလ ၂၁

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ဖြူးမြို့နယ် တိုင်းရင်းဆေးကုဌာနတို့ ပူးပေါင်း၍ အရိုးကျီးပေါင်း ရောဂါအကြောင်း သိကောင်းစရာ အသိပညာပေးဆွေးနွေးပွဲ Talk Show ကို ဖြူးမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ  လူထုအခြေပြု ဗဟိုဌာန Community Centre  ခန်းမတွင် ယနေ့နံနက်(၁၁)အချိန်က ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်နွယ်နွယ်အေး က  အဖြစ်များလျက်ရှိသော အရိုးကျီးပေါင်းရောဂါနှင့် ပတ်သက် သည့်အကြောင်း အရာများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေးအတွက် ပြုလုပ်ရခြင်းဖြစ်ကြောင်းကို ရှင်းလင်း ပြောကြား ခဲ့သည်။

ထို့နောက် အရိုးကျီးပေါင်းရောဂါအကြောင်း ဆွေးနွေးကြမည့်  ဖြူးမြို့နယ်တိုင်းရင်းဆေး ကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်၀င်း၀င်း‌အေး၊ လက်ထောက် တိုင်းရင်းဆေးမှူး ဒေါ်တင်နွယ်ဝင်းတို့က အရိုးကျီးပေါင်းရောဂါ၏ လက္ခဏာများ၊ ရောဂါဖြစ်ပွားနိုင်သည့် အကြောင်းအရင်းများနှင့် ကိုယ်ခန္ဓာအတွင်း ဖြစ်နိုင်သည့်နေရာများ၊ ရောဂါဖြစ်ပွားလျှင် ခံစားရသည့် ဝေဒနာ၊ ကုသရမည့် နည်းလမ်းများ၊ ရောဂါမဖြစ်ပွားမီကာလနှင့် ရောဂါဖြစ်ပွား နေချိန် ကာလများတွင် ဆောင်ရန်ရှောင်ရန် အချက်များကို ဆွေးနွေးပြောကြား ခဲ့ကြောင်း သိရသည်။ အဆိုပါ အသိပညာပေးဆွေးနွေးပွဲ Talk Showအား ပြည်သူများ အရိုးကျီးပေါင်း ရောဂါအကြောင်းကို ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရန်အတွက် ဖြူးမြို့နယ်ပြည်သူ့ စာကြည့် တိုက် Page တွင် အွန်လိုင်းမှ တဆင့် အသိပညာ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

နေမျိုးလွင်(ပြန်/ဆက်)