ပြည် ဒီဇင်ဘာ ၂၁
ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ်တွင် ကျန်းမာရေးဝန်ကြီးဌာနမှထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု ကာကွယ်နိုင်ရေး နည်းလမ်းများကို ပြည်သူများ အသိ/သတိရှိစွာ လိုက်နာဆောင်ရွက်နိုင်ရေးအတွက် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ရပ်ကွက်/ကျေးရွာ များအတွင်း ယနေ့နံနက်ပိုင်းက အသံချဲ့စက်ဖြင့် လိုက်လံ အသိပညာပေးနှိုးဆော်ခဲ့ကြောင်းသိရသည်။
ယင်းသို့အသိပညာပေး နှိုးဆော်ဆောင်ရွက်ရာတွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ပြည်သူများအား အိမ်အပြင်ထွက်လျှင် ပါးစပ်နှင့် နှာခေါင်းစည်း(mask)ကို စနစ်တကျတပ်ဆင်ထားပြီး လူအများနှင့်ထိတွေ့ဆက်ဆံရပါက မျက်နှာ အကာ(face shield)ကိုတွဲဖက်တပ်ဆင်ရန်၊ တစ်ဦးနှင့်တစ်ဦးတတ်နိုင်သမျှ ခပ်ခွာခွာ နေထိုင်လုပ်ကိုင်ကြရန်၊ လက်ကိုစက္ကန့်(၂၀)ကြာ စနစ်တကျ မကြာခဏဆေးကြောရန် စသည့်ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးအချက် အလက်များအပါအဝင် ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်ရေး နည်းလမ်း များကို လည်း အများပြည်သူသိရှိနိုင်စေရန် နံရံကပ်စာစောင်၊ Hand Speakerနှင့် Sound Box အသံချဲ့စက်တို့ဖြင့် အသိပညာပေးလှည့်လည် နှိုးဆော်ခဲ့ကြ ကြောင်းသိရသည်။
ပြည်ခရိုင်(ပြန်/ဆက်)