မန်တုံမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို (Talk Show) ဆွေးနွေးပွဲပြုလုပ်

မန်တုံ ဒီဇင်ဘာ ၂၈

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ်ပညာရေးဌာနတို့ ပူးပေါင်းပြီး ယနေ့နံနက်ပိုင်းက (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး ဆွေးနွေးပွဲ (Talk Show) အစီအစဉ် ကျင်းပပြုလုပ်သည်။

ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မန်တုံမြို့နယ်ရုံးမှ မြို့နယ်ဦးစီးမှူး ဒေါ်ယုယုအောင်က (Talk Show) အစီအစဉ် ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြီး အမှတ်(၂) ရပ်ကွက်၊ အလယ်တန်း(ခွဲ)ကျောင်း ဆရာမ ဒေါ်စန္ဒာစိုးက လွတ်လပ်ရေးနေ့ ဖြစ်ပေါ်လာပုံ၊ တိုင်းရင်းသားအား လုံးတို့၏ လွတ်လပ်ရေးရရှိအောင် ကြိုးပမ်းမှုများ၊ ပထမကျောင်းသား သပိတ်မှစတင်ပြီး မျိုးချစ်စိတ်ဓာတ်များ နိုးကြားလာကာ မြန်မာ့လွတ်လပ်ရေးကို အရယူသည်အထိ ကြိုးပမ်းဆောင်ရွက်ခဲ့ပုံများ၊ မြန်မာနိုင်ငံလွတ်လပ် ရေးအတွက် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ကြိုးပမ်းခဲ့မှုများ၊ အနာဂတ်လူငယ်များ အနေ ဖြင့် လွတ်လပ်ရေးနေ့နှင့် ပတ်သက်သည့် ဂုဏ်ကျေးဇူးများကို မမေ့မလျော့ လက်ဆင့်ကမ်း အလေးအမြတ်ထား ကြရေးနှင့် ပြည်သူများအနေဖြင့် လွတ်လပ်ရေးကို အဓွန့်ရှည်တည်မြဲအောင် စည်းကမ်းရှိရှိဖြင့် နေထိုင်ကြရေး စသည်တို့ကို ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

မန်တုံ(ပြန်/ဆက်)