တောင်သာမြို့နယ် ပြည်သူ့စာကြည့်တိုက်ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ

တောင်သာ ဒီဇင်ဘာ ၂၈

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် တောင်သာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ပြည်သူ့စာကြည့်တိုက် ခန်းမ၌ အပတ်စဉ်အင်္ဂါနေ့တိုင်း စာဖတ်ဝိုင်းကျင်းပလျက်ရှိရာ  ယနေ့နံနက် (၁၀) နာရီအချိန်က စာအုပ်စာစောင် ချစ်မြတ်နိုးသူများ အသင်း (Book Club) နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန တောင်သာမြို့နယ်ရုံးဝန်ထမ်းများ ပူးပေါင်း၍ စာရေဆရာ  ညီညီနိုင်၏  အုပ်ချုပ်ရေး နီတိများနှင့် ခေါင်းဆောင်မှုသဘောတရား  စာအုပ်ဖတ်ရှုပြီး  စာဖတ်ဝိုင်းကျင်းပကြောင်း သိရသည်။

အဆိုပါ စာဖတ်ဝိုင်းတွင် မြို့နယ်ဦးစီးမှူး ဦးရဲဝင်အောင်က စာပေဖတ်ရှုခြင်း၏ အကျိုးကျေးဇူးနှင့် စာပေ ဖတ်ရှုသည့် အလေ့အ ထကောင်းရရှိစေရန် စာဖတ်ဝိုင်းကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) မှ အသင်းဝင်များဖြစ်သည့် ဒေါ်သင်းသင်းဟန်က မသိသူကျော်သွား သိသူဖော်စား၊ ဒေါ်ဝေဝေမာက ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ၊ ဒေါ်အိဇာဖြူက ကိုယ်ကောင်း ခေါင်းမရွေ့၊ ဒေါ်စိမ်းမို့မို့က မေးပါများ စကားရ တွေ့ရှိခြင်းစသည့် စာရေးဆရာ ညီညီနိုင် ရေးသားသည့်  အုပ်ချုပ်ရေးနီတိများနှင့် ခေါင်းဆောင်မှုသဘောတရားစာ အုပ်ပါခေါင်းစဉ်များအလိုက် မိမိတို့ဖတ်ရှုလေ့လာ နားလည်မှုများအား အသိပညာဗဟုသုတများ မျှဝေနိုင်ရန်အပြန်အလှန် ရှင်းလင်းဆွေးနွေးကြကြောင်း သိရသည်။

ကျော်မျိုးနိုင်(တောင်သာ)