မြန်အောင် ဒီဇင်ဘာ ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ခု ဘဏ္ဍာရေးနှစ်(၆)လဘတ်ဂျက်ကာလ ခွင့်ပြုရန်ပုံငွေဖြင့် ဖွင့်လှစ်သော အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံ အပ်ချုပ်စက်သင်တန်း ဆင်းပွဲအခမ်းအနားကို ယနေ့နံနက်က မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမင်းထွန်းက သင်တန်းဆင်း အမှာစကားပြောကြားခဲ့ပြီး၊ မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးတင်ထွန်းအောင်မှ သင်တန်းဖွင့်လှစ်ခဲ့မှုနှင့်ပတ်သက်၍ ရှင်းလင်း တင်ပြခဲ့ပါသည်။
ထို့နောက် သင်တန်းသူ(၃၀)ဦးအား သင်တန်းဆင်းလက်မှတ်များပေးအပ်ခဲ့ပြီး သင်တန်းသူများ အားလုံးကိုယ်စား သင်တန်းသူ တစ်ဦးမှကျေးဇူးတင်စကား ပြောကြားခဲ့သည်။ အဆိုပါ သင်တန်းအား (၉.၁၂.၂၀၂၁) ရက်နေ့မှ (၂၈.၁၂၀၂၀၂၁)ရက်နေ့အထိ ကျေးရွာအုပ်စု (၆)အုပ်စု၊ ကျေးရွာ (၉)ရွာမှ သင်တန်းသူ(၃၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ဝင်းဗိုလ် (မြန်အောင်)