ထန်းတပင်မြို့နယ်တွင် ဟောပြောပွဲ၊ ဉာဏ်စမ်းပြိုင်ပွဲနှင့် စာအုပ်စာစောင်ပြပွဲကျင်းပ
Dec 29,2021
ကျောင်းသား၊ ကျောင်းသူကလေးငယ်များအား စာပေဖတ်ရှုသည့် အလေ့အကျင့်တိုးတက်စေရန်၊ မျိုးချစ်စိတ်ဓာတ်ရှင်သန်ခိုင်မာစေရန်၊ လူအများနှင့် ဆွေးနွေးပြောဆိုသည့် အလေ့အထရှိလာ စေရန်နှင့် ဉာဏ်ရည်ဉာဏ်သွေးများ ထက်မြက်လာစေရန် ရည်ရွယ်၍ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် အသိပညာပေး ဟောပြောပွဲ၊ ဉာဏ်စမ်း ပြိုင်ပွဲနှင့် စာအုပ်စာစောင်ပြပွဲ အခမ်းအနားကို ယမန်နေ့၊ နံနက်ပိုင်းက ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်၊ အ.ထ.က(ထန်းတပင်) အခြေခံပညာ အထက်တန်းကျောင်းတွင် ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။