သတင်းများ

ရေးမြို့နယ်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ်နှင့် ဦးတည်ချက် (၉)ရပ် မှတ်တမ်းဓါတ်ပုံတို့အား ပြည်သူများကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေး အသိပညာပေး နံရံကပ်စာစောင်ပြသ
Jan 17,2022
မွန်ပြည်နယ်၊ ရေးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး အဝင်တွင် အလူမီနီယံမြေစိုက်ဘုတ်ဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ရှေ့လုပ်ငန်း စဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ်ပါ ဗီနိုင်းနှင့် ရုံးရှေ့မြေစိုက်ဘုတ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ကျန်းမာရေးအသိပညာပေးပိုစတာများအား ယနေ့နံနက်ပိုင်းမှ စတင်၍ ပြသထားရှိရာ စာကြည့်တိုက်လာ စာဖတ်ပြည်သူများက ကြည့်ရှုလေ့လာလျက်ရှိကြောင်း သိရသည်။
“နယ်စပ်‌‌ ဒေသမုံးကိုးမြို့အသက်၁၂နှစ်အထက် ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေး”
Jan 17,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မုံးကိုးမြို့ အ‌ခြေခံပညာကျောင်းများ၌ ပညာသင်ကြား နေသည့် ကျောင်းသား/သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေးခြင်းကို ယနေ့နံနက်(၁၀)နာရီအချိန်က ထိုးနှံ‌ပေးသည်။
ဟိုင်းကြီးကျွန်းမြို့ ၊ လူထုအခြေပြုဗဟိုဌာန ( Community Centre) ခန်းမ၌ (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အကြိုစာအုပ်စာစောင်ပြပွဲကျင်းပ
Jan 17,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နှင့် အခြေခံပညာ အလယ်တန်း ကျောင်းခွဲ (ဟိုင်းကြီးရွာသစ်)ကျောင်းတို့ ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ်(အကြို) စာအုပ်ရွက်ပြိုင်ပွဲနှင့် စာအုပ် စာစောင်ပြပွဲကို ယနေ့ နံနက် ၉ နာရီအချိန် က ပြုလုပ်ခဲ့သည်။
စစ်တွေမြို့တွင် တည်ထားလျက်ရှိသည့် ရန်ပြေမာန်ပြေဘုရားအထက်ဌာပနာထည့်ပွဲသို့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း တက်ရောက်ပူဇော်
Jan 17,2022
ကမ္ဘာ့ဗုဒ္ဓသာသနာပြု၊ မဟာဇေယျသိဒ္ဓိအဓိဋ္ဌာန် ဆရာတော်ကြီး ဦးဆောင်မှုဖြင့် စစ်တွေမြို့၊ ဂစ္ဆပတောင်ရပ်ကွက်၌ တည်ထားကိုယ်ကွယ်အပူဇော်ခံမည့် ရန်ပြေမာန်ပြေဘုရားကြီး၏ အထက် ဌာပနာထည့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပရာ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ ဗိုလ်ချုပ် ထင်လတ်ဦး၊ ပြည်နယ် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် ဌာနဆိုင်ရာများ၊ ဆရာတော်ကြီး၏ တပည့်တကာ၊ တကာမများနှင့် အလှူရှင်များတက် ရောက်ပူဇော်ကြသည်။
ဒေါ့ဖုန်းယန်မြို့၌ အသက်(၁၈)နှစ်နှင့်အထက် ပထမအကြိမ်ထိုးနှံပေးပြီး ပြည်သူ (၁၈၀)ဦးအား ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေး (Sinopharm) ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေး
Jan 17,2022
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဒေါ့ဖုန်းယန်မြို့အတွင်းရှိ အသက်(၁၈)နှစ်နှင့်အထက် ပထမအကြိမ် ထိုးနှံပေးပြီး ပြည်သူ (၁၈၀)ဦးအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံခြင်းကို ယနေ့နံနက် (၁၀)နာရီအချိန်တွင် အခြေခံပညာအထက်တန်း ကျောင်းခန်းမ၌ ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ရေးမြို့နယ်တွင် ဌာနဆိုင်ရာများနှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ လပတ်အစည်းအဝေး ကျင်းပ
Jan 17,2022
မွန်ပြည်နယ် ရေးမြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် အဆင်ပြေချောမွေ့ အောင်မြင်စေရေးအတွက် ဌာနဆိုင်ရာများနှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ လပတ်အစည်းအဝေးကို ယနေ့မွန်းလွဲ ၁၂ နာရီ က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
မန်းရွှေစက်တော် ဘုရားပွဲတော်ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Jan 17,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော် ဘုရားပွဲတော် ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲအချိန်က မင်းဘူးခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ မန်းရွှေစက်တော် ဘုရားပွဲတော် ကျင်းပရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် မန်းရွှေစက်တော် ဘုရားဂေါပက အဖွဲ့ဝင်များ တက်ရောက် ခဲ့ကြသည်။
ဟိုင်းကြီးကျွန်းမြို့၌ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် (Omicron) ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်
Jan 17,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့အတွင်းရှိ ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကူးစက်ပျံ့နှံမှုမှ ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် (omicron) ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းကို ယနေ့နံနက် (၁၀)နာရီအချိန်က မြို့ပေါ်ရပ်ကွက်များနှင့် အနီးပတ်ဝန်းကျင် ကျေးရွာများတွင် Hand speaker ဖြင့် လှည့်လည်အသိပညာပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။