ဟိုင်းကြီးကျွန်းမြို့ ၊ လူထုအခြေပြုဗဟိုဌာန ( Community Centre) ခန်းမ၌ (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အကြိုစာအုပ်စာစောင်ပြပွဲကျင်းပ

ဟိုင်းကြီးကျွန်း    ဇန်နဝါရီ     ၁၇

ဧရာဝတီတိုင်းဒေသကြီး၊  ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နှင့်  အခြေခံပညာ  အလယ်တန်း ကျောင်းခွဲ (ဟိုင်းကြီးရွာသစ်)ကျောင်းတို့ ပူးပေါင်း၍  လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌  ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ  ၁၂ ရက်နေ့တွင်  ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ်(အကြို) စာအုပ်ရွက်ပြိုင်ပွဲနှင့် စာအုပ် စာစောင်ပြပွဲကို  ယနေ့ နံနက် ၉ နာရီအချိန် က ပြုလုပ်ခဲ့သည်။

ပြိုင်ပွဲများကျင်းပရခြင်းကြောင့် ကျောင်းသား/ကျောင်းသူများ၊ လူငယ်လူရွယ်များ ကျန်းမာပျော်ရွှင်ပြီး အစုအဖွဲ့များနှင့် ပူးပေါင်းပါဝင်ဆောင်ရွက်တတ်စေရန်၊ အသိ ဉာဏ်ဖွံ့ဖြိုးပြီး ထူးချွန်ထက်မြက်သည့် လူငယ်လူရွယ်များပေါ်ထွက်လာစေရန် ရည်ရွယ်၍ ကာယ၊ ဉာဏ စွမ်းရည်ပြိုင်ပွဲများ ကျင်းပပြုလုပ်ရခြင်း နှင့် စာအုပ်စာစောင်ပြပွဲတွင် သုတ၊ ရသ စာအုပ်များ ပြသခဲ့ ကြောင်းသိရသည်။ အဆိုပါ စာအုပ်ရွက်ပြိုင်ပွဲတွင် ဆုရရှိသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါ်နွေးနွေးအောင် က ဗလာစာအုပ်များ ဆုချီးမြှင့်ခဲ့ကြောင်းသိရသည်။
နွေးနွေးအောင်ကြွယ်