ရေး ဇန်နဝါရီ ၁၇
မွန်ပြည်နယ်၊ ရေးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး အဝင်တွင် အလူမီနီယံမြေစိုက်ဘုတ်ဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ရှေ့လုပ်ငန်း စဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ်ပါ ဗီနိုင်းနှင့် ရုံးရှေ့မြေစိုက်ဘုတ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ကျန်းမာရေးအသိပညာပေးပိုစတာများအား ယနေ့နံနက်ပိုင်းမှ စတင်၍ ပြသထားရှိရာ စာကြည့်တိုက်လာ စာဖတ်ပြည်သူများက ကြည့်ရှုလေ့လာလျက်ရှိကြောင်း သိရသည်။
အဆိုပါ နံရံကပ်စာစောင်များတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက် (၉)ရပ် ဖြစ်သည့် နိုင်ငံရေးဦးတည်ချက် (၃)ရပ်၊ စီးပွားရေးဦးတည်ချက် (၃)ရပ်၊ လူမှုရေးဦးတည်ချက် (၃)ရပ်နှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်ချမှတ်ကာ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် မှတ်တမ်းဓါတ်ပုံများပါဝင်သော ဗီနိုင်းနံရံကပ်စာစောင်များ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ကျန်းမာရေးအသိပညာပေးပိုစတာနှင့် စာစောင်များ၊ ဒေသဆိုင်ရာသတင်းအချက်အလက်များအား အများပြည်သူ လမ်းသွားလမ်းလာများနှင့် စာကြည့်တိုက်သို့လာရောက်သည့် စာဖတ်ပရိသတ်ပြည်သူများ အလွယ်တကူလေ့လာကြည့်ရှုနိုင်ကြောင်း သိရသည်။
သီမိုး