မုံးကိုး ဇန်နဝါရီ ၁၇
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မုံးကိုးမြို့ အခြေခံပညာကျောင်းများ၌ ပညာသင်ကြား နေသည့် ကျောင်းသား/သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေးခြင်းကို ယနေ့နံနက်(၁၀)နာရီအချိန်က ထိုးနှံပေးသည်။
ထိုသို့ကာကွယ်ဆေးထိုးနှံပေးခြင်းကို မုံးကိုးမြို့ ကျန်းမာရေးဝန်ထမ်းများက စနစ်တကျ ထိုးနှံပေးသည်။အခြေခံပညာကျောင်းများကကျောင်းသား/သူ (၁၁၄ )ဦးအား Sinovac ကိုဗစ် ကာကွယ်ဆေးအား အခမဲ့ထိုးနှံပေးကြောင်း သိရသည်။
သန်းဇော်ဦး(မုံးကိုး)