ဒေါ့ဖုန်းယန်မြို့၌ အသက်(၁၈)နှစ်နှင့်အထက် ပထမအကြိမ်ထိုးနှံပေးပြီး ပြည်သူ (၁၈၀)ဦးအား ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေး (Sinopharm) ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေး

ဒေါ့ဖုန်းယန်          ဇန်နဝါရီ      ၁၇

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဒေါ့ဖုန်းယန်မြို့အတွင်းရှိ  အသက်(၁၈)နှစ်နှင့်အထက် ပထမအကြိမ် ထိုးနှံပေးပြီး ပြည်သူ (၁၈၀)ဦးအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံခြင်းကို ယနေ့နံနက် (၁၀)နာရီအချိန်တွင် အခြေခံပညာအထက်တန်း ကျောင်းခန်းမ၌ ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ထိုသို့ အသက်(၁၈)နှစ်နှင့်အထက် ပထမအကြိမ်ထိုးနှံပေးပြီး ပြည်သူများအား ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေး  ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးခြင်းကို မြို့အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဦးက အနီးကပ်ကြီးကြပ်၍ ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ လမ်းညွှန်ကြားချက်များနှင့်အညီ ကိုယ်အပူချိန်တိုင်းတာ ပေးခြင်း၊ သွေးပေါင်ချိန်တိုင်းပေးခြင်း၊ ရောဂါအခံ ရှိ/ မရှိ မေးမြန်းခြင်းနှင့် စနစ်တကျ မှတ်တမ်းရေးသွင်းခြင်းများပြုလုပ်၍  နိုင်ငံ့ဝန်ထမ်း(၅)ဦး၊  အခြားဝင်ငွေရှိသော လုပ်ငန်းလုပ်ကိုင်သူ (၃)ဦးနှင့် မှီခို (၁၇၂)ဦး စုစုပေါင်း (၁၈၀)ဦးအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေး၍ ကျန်းမာရေးဝန်ကြီးဌာနမှ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm)(၂)ကြိမ် ထိုးနှံပြီးကြောင်း ထုတ်ပေးသည့်လက်မှတ် များ ပေးအပ်ခဲ့ကြောင်း မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးထံမှ သိရှိရသည်။

ခရိုင်(ပြန်/ဆက်)