သတင်းများ

အောင်လံမြို့နယ် ထမကန်ကျေးရွာ၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်း ပြုလုပ်ပေး
Jan 24,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အောင်လံမြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်းအားဆိုင်ရာ ဦးစီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်းပြုလုပ်ပေးခြင်းကို ယမန်နေ့ နံနက်(၉)နာရီက ထမကန်ကျေးရွာ ဘုန်းတော်ကြီး ကျောင်းဝန်းတွင် ပြုလုပ်ပေးခဲ့သည်။
ဆင်ပေါင်ဝဲမြို့တွင် ကိုဗစ်-၁၉ဗီဇပြောင်း မျိုးကွဲအိုမီခရွန် ရောဂါပိုးကြိုတင် ကာကွယ်ရေး အသိပညာပေး နှိုးဆော်မှုများ ဆောင်ရွက်
Jan 24,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၊ သာဝတ္ထိကျေးရွာအတွင်း ကိုဗစ်-၁၉ ဗီဇပြောင်း မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကူးစက်ပြန့်ပွားမှုကို ကာကွယ်တားဆီး ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးခြင်း လုပ်ငန်းများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာကြစေရန်အတွက် အသိပညာပေးနှိုးဆော်မှု လုပ်ငန်းကို ယမန်နေ့ နံနက်(၉)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်များသည် ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်းပြီး အရှိန်အဟုန်မပျက် ဆောင်ရွက် လျက်ရှိသည်။
ပွင့်ဖြူမြို့နယ် သမန်းရင်းကျေးရွာရှိ ဒေသခံပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းဆောင်ရွက်ပေး
Jan 24,2022
မကွေးတိုင်းဒေသကြီး ၊ပွင့်ဖြူမြို့နယ် သမန်းရင်းကျေးရွာရှိ ဒေသခံပြည်သူများ လူမှုဘဝ ဖွံ့ဖြိုး စေရေးအတွက် ရည်ရွယ်၍ ဇန်နဝါရီ ၂၃ ရက် ၊ နံနက် ၁၀ နာရီက  မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးညွန့်ဝင်းထူး ဦးဆောင်သော ဝန်ထမ်းများအဖွဲ့က ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား အခမဲ့ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြသည်။  
ဒဂုံ့မြို့နယ်တွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အသိပညာပေး Talk Show ကျင်းပ
Jan 24,2022
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်တွင် ယမန်နေ့ (၂၂.၁.၂၀၂၂)ရက်နေ့ နေ့လယ် (၀၁:၀၀) နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စည်ပင်သာယာရေးကော်မတီ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး (ပန်းဥယျာဉ်) ဌာနမှ တာဝန်ရှိသူတို့နှင့် ပူးပေါင်း၍ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေး Talk Show ကို ဆွေးနွေးဆောင်ရွက်ခဲ့ပါသည်။
ဂွမြို့တွင် ရပ်ရွာအေးချမ်းသာယာရေးနှင့် လုံခြုံရေးအတွက် ဧည့်စာရင်းစစ်ဆေးခြင်းများ စဉ်ဆက်မပြတ် ဆောင်ရွက် လျက်ရှိ
Jan 24,2022
ရခိုင်ပြည်နယ်၊ ဂွမြို့နယ်တွင် မြို့နယ်အတွင်း ရပ်ရွာအေးချမ်းသာယာရေးနှင့် လုံခြုံရေးအတွက် မြို့ပေါ်ရပ်ကွက်များနှင့် တည်းခိုခန်းများအား ဧည့်စာရင်း စစ်ဆေး ဆောင်ရွက်ခြင်းကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ ည ၉ နာရီက. ပူးပေါင်းရေးအဖွဲ့မှ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ငဖဲမြို့နယ် လေးအိမ်စုကျေးရွာတွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းပြုလုပ်ပေး
Jan 24,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနရုံးမှ ဒေသခံပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်စေရေးအတွက် နိုင်ငံသားစိစစ်ရေး ကတ်ပြား မရရှိသေးသူများနှင့် အိမ်ထောင်စုလူဦးရေစာရင်း ပြုလုပ်လိုသူများကို ပန်းခင်းစီမံချက်ဖြင့် ရပ်ကွက်/ကျေးရွာများ အရောက် အခမဲ့ကွင်းဆင်း ဆောင်ရွက် ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းမှ ညနေပိုင်းထိ လေးအိမ်စုကျေးရွာနှင့် ငရန့်ချောင်း ကျေးရွာမှ ပြည်သူများအား လေးအိမ်စုကျေးရွာတွင် နိုင်ငံသားစိစစ်ရေး ကတ်ပြားနှင့် အိမ်ထောင်စု လူဦးရေ စာရင်းများကို အခမဲ့ပြုလုပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း အောင်ပွဲရ ရခိုင်ပြည်နယ် အမျိုးသမီး ဘောလုံး အသင်းအား ဂုဏ်ပြုကြိုဆို
Jan 24,2022
၂၀၂၂ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက် ၂၅ နှစ်အောက် အမျိုးသမီး ဘောလုံးပြိုင်ပွဲတွင် အောင်ပွဲရ ရခိုင်ပြည်နယ် အမျိုးသမီး ဘောလုံးအသင်းသည် ယမန်နေ့ နံနက်ပိုင်းတွင် တပ်မတော် လေယာဉ်ဖြင့် နေပြည်တော်မှ စစ်တွေမြို့သို့ ရောက်ရှိလာရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ဌာနဆိုင်ရာများ၊ ရခိုင်ပြည်နယ် ယဉ်ကျေးမှူးအဖွဲ့မှ သမီးပျိုလေးများနှင့်အတူ ရခိုင်စည်တော်အဖွဲ့တို့က အောင်စည်တီး၍ ဂုဏ်ပြုကြိုဆိုကြသည်။
မြန်အောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မိသားစု စည်းကမ်းထိန်းသိမ်းရေးကော်မတီ ဆွေးနွေးပွဲနှင့် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် (Omicron) ရောဂါပိုး ကြိုတင်ကာကွယ်ရေး ကျန်းမာရေးအသိပညာပေး ဆွေးနွေးပွဲကျင်းပ
Jan 24,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မိသားစုစည်း ကမ်းထိန်းသိမ်းရေး ကော်မတီ ဆွေးနွေးပွဲနှင့် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် (Omicron) ရောဂါပိုး ကြိုတင်ကာကွယ်ရေး ကျန်းမာရေး အသိပညာ ပေး ဆွေးနွေးပွဲကို ယမန်နေ့ နေ့လည် (၂)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ သည်။