မြန်အောင် ဇန်နဝါရီ ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မိသားစုစည်း ကမ်းထိန်းသိမ်းရေး ကော်မတီ ဆွေးနွေးပွဲနှင့် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် (Omicron) ရောဂါပိုး ကြိုတင်ကာကွယ်ရေး ကျန်းမာရေး အသိပညာ ပေး ဆွေးနွေးပွဲကို ယမန်နေ့ နေ့လည် (၂)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ သည်။
အခမ်းအနားတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မိသားစု စည်းကမ်းထိန်းသိမ်းရေး ကော်မတီဥက္ကဌ ဒေါ်သင်းလှိုင်ဦးက ဝန်ထမ်းမိသားစုများ၏ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးနှင့်သက်ဆိုင်သည့် ကော်မတီ၏ လုပ်ငန်းဆောင်ရွက်နေမှုများကို ရှင်းလင်း ပြောကြားခဲ့သည်။
ဆက်လက်၍ မြန်အောင်မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာတေဇာစိုးနိုင်က ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် (Omicron) ရောဂါပိုး ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ အပြင်သို့သွားတိုင်း နှာခေါင်းစည်း (Mask) တပ်ဆင်သွားလာကြရန်၊ အရာဝတ္တုများ ကိုင်တွယ်ပြီးတိုင်း လက်ကိုဆပ်ပြာဖြင့် စက္ကန့် (၂၀)ကြာ ဆေးကြောရန်၊ လူစုလူဝေးရှောင်ရှားကြရန်စသည့် ကာကွယ်ရေးနည်းလမ်းများကို ဆွေးနွေးပြောကြားခဲ့ပြီး တက်ရောက်လာသော ဝန်ထမ်းမိသား စုများက သိလိုသည်များကို ဆွေးနွေးမေးမြန်းခဲ့ကြောင်း သိရသည်။
ဝင်းဗိုလ်