ငဖဲမြို့နယ် လေးအိမ်စုကျေးရွာတွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းပြုလုပ်ပေး

ငဖဲ ဇန်နဝါရီ ၂၄

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနရုံးမှ ဒေသခံပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်စေရေးအတွက် နိုင်ငံသားစိစစ်ရေး ကတ်ပြား မရရှိသေးသူများနှင့် အိမ်ထောင်စုလူဦးရေစာရင်း ပြုလုပ်လိုသူများကို ပန်းခင်းစီမံချက်ဖြင့် ရပ်ကွက်/ကျေးရွာများ အရောက် အခမဲ့ကွင်းဆင်း ဆောင်ရွက် ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းမှ ညနေပိုင်းထိ လေးအိမ်စုကျေးရွာနှင့် ငရန့်ချောင်း ကျေးရွာမှ ပြည်သူများအား လေးအိမ်စုကျေးရွာတွင် နိုင်ငံသားစိစစ်ရေး ကတ်ပြားနှင့် အိမ်ထောင်စု လူဦးရေ စာရင်းများကို အခမဲ့ပြုလုပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ငဖဲမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနရုံးမှ  ဒု-လ၀ကမှူး ဦးမျိုးမင်းကျော်နှင့် ဝန်ထမ်းများက နိုင်ငံသားစိစစ်ရေးကတ်ပြား မပြုလုပ်ရသေးသူ (က) ()ဦး၊၃(က)ပြုလုပ်သူ (၁၅)ဦး၊ အသက်(၁၈)နှစ်ပြည့်ပြီး အသစ်လဲလှယ်သူ (၂၁)ဦးနှင့် မိတ္တူပြုလုပ်သူ (၁၆)ဦး စုစုပေါင်းပြည်သူ (၅၉)ဦးတို့အား အထောက်အထားများ စိစစ်ကာ ပြုလုပ်ဆောင်ရွက် ပေးခဲ့ကြောင်းနှင့် ပန်းခင်းစီမံချက်ဖြင့် ယမန်နေ့ထိ အိမ်ထောင်စု(၂၇၅)စု၊ နိုင်ငံသားစိစစ်ရေး ကတ်ပြားပြုလုပ်သူ ပြည်သူ(၁၇၁၄)ဦးအား ပြုလုပ် ဆောင်ရွက်ပေးပြီး ဖြစ်ကြောင်း သိရသည်။

မယု(ငဖဲ)