ဟိုင်းကြီးကျွန်းမြို့ ၊ မဲခရဲကျေးရွာတွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား (၁၈၀) ကတ်အား ကွင်းဆင်းဆောင်ရွက်လျက်ရှိ

ဟိုင်းကြီးကျွန်း ဇန်နဝါရီ ၂၇
 

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊   ဟိုင်းကြီးကျွန်းမြို့၊    မဲခရဲကျေးရွာတွင်   လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့ ရှေ့တန်းရုံးမှ ဦးသန့်ဇင်ထွန်း  ဦးဆောင်၍ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း နှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုး ထုတ်ပေးရေးလုပ်ငန်းများကို ( ၂၅  )   ရက်နေ့ မှ ( ၂၆  ) ရက်နေ့ထိ နှစ်ရက်ကြာ မဲခရဲကျေးရွာ ဘုန်းကြီးကျောင်းဓမ္မာရုံတွင်  ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။


အဆိုပါ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းဆောင်ရွက်ခြင်းကို   ကျန်းမာရေး၀န်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ညွှန်ကြားချက်များနှင့်အညီ ၁၀နှစ်နှင့်အထက် နိုင်ငံသားကတ်ကိုင်ဆောင်မှု ၃(က) တွင် အမျိုးသား ၊ အမျိုးသမီး  စုစုပေါင်း (၂၇  )ဦးကိုလည်းကောင်း၊၁၈နှစ်နှင့်အထက် နိုင်ငံသားကတ်ကိုင်ဆောင်မှု ၆(က)တွင် အမျိုးသား၊ အမျိုးသမီး စုစုပေါင်း( ၆၈ )ဦးကိုလည်းကောင်း၊၁၀နှစ်မှ၁၈နှစ်ပြည့် လဲလှယ်တွင် အမျိုးသား ၊ အမျိုးသမီး  စုစုပေါင်း  (၂၉) ဦးကိုလည်းကောင်း၊ ပျောက်ဆုံး၊ပျက်စီးထုတ်ပေးခြင်း တွင် အမျိုးသား၊အမျိုးသမီးစုစုပေါင်း (၅၆) ဦး ကိုလည်းကောင်း ကတ်အမျိုး မျိုးဆောင် ရွက်ပေးလျက်ရှိရာ   အမျိုးသား ၊ အမျိုးသမီး  စုစုပေါင်း(၁၈၀)ဦး ဆောင်ရွက်ပေးပြီး ဖြစ်ကြောင်းသိရသည်။

နွေးနွေးအောင်ကြွယ်