ခန္တီးမြို့တွင် အကြမ်းဖက်လုပ်ရပ်များနှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်
Jan 30,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ယမန်နေ့ နံနက်(၈) နာရီခွဲအချိန်က ခန္တီးတပ်နယ်မှူး ဗိုလ်မှူးကြီး၊ သက်ထူးစံဦးဆောင်၍ အကြမ်းဖက်မှုတိုက်ဖျက်ရေးနှင့် အစွန်းရောက်မှု ကာကွယ်ရေး ကော်မတီနှင့် ခန္တီးမြို့နယ် စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်းကာ ပြည်သူများအနေဖြင့် အကြမ်းဖက်အုပ်စုများ၊ ယင်းတို့၏ လက်အောက်ခံအဖွဲ့အစည်းများ၏ လှုံ့ဆော်ဝါဒဖြန့်မှုအပေါ် လိုက်ပါပြုလုပ်ခြင်းမပြုကြရန်နှင့် ပြုလုပ်ပါက ဥပဒေအရအရေးယူခံရနိုင်ကြောင်း စသည့် အသိပညာပေးခြင်းကို မင်္ဂလာဈေးရှေ့တွင် အသံချဲ့စက်ဖြင့် အသိပညာပေးနှိုးဆော်ခြင်း၊ ဈေးအတွင်း ဈေးရောင်းဈေးဝယ်ပြည်သူများအား အဆိုပါ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။