မအူပင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် မိုဘိုင်းဖုန်းဖြင့် ဗီဒီယိုတည်းဖြတ်ခြင်း အခြေခံသင်တန်း ဖွင့်လှစ်

မအူပင်  ဇန်နဝါရီ  ၃၀

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် မိုဘိုင်းဖုန်းဖြင့် ဗီဒီယိုတည်းဖြတ်နည်းသင်တန်းကို ယမန်နေ့နံနက်(၁၀)နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

သင်တန်းတွင်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်လက်ထောက်ညွှန်ကြားရေး မှူးဒေါ်တင်သူဇာလှိုင်က မိမိတို့ဝန်ထမ်းများအနေဖြင့် ခေတ်နှင့်အညီ မိုဘိုင်းဖုန်းဖြင့် ဗီဒီယိုရိုက်ကူးခြင်း၊ တည်းဖြတ်ခြင်းတို့မှာ မဖြစ်မနေ တတ်သိနားလည်ထားရမှာဖြစ်သည့်အတွက် သင်တန်းဖွင့်လှစ်ပေးခြင်းဖြစ်ပါကြောင်းပြောကြားခဲ့ပြီး ပြင်ပနည်းပြဆရာ စဂျွန်​ဖြိုးပိုင်က မိုဘိုင်းဖုန်းဖြင့် ဗီဒီယိုတည်းဖြတ်နည်းများ၊ Effectအသုံးပြုနည်း၊ အသံသွင်းနည်း၊ ရုပ်/သံတည်းဖြတ်၍ အသံသွင်းထားသည့်ဗီဒီယိုအား Export ထုတ်နည်းတို့အား လက်ဆင့်ကမ်းသင်ကြား ပြသပေးခဲ့သည်။

အဆိုပါသင်တန်းသို့ မအူပင်ခရိုင်အတွင်းရှိ မအူပင်၊ ပန်းတနော်၊ ညောင်တုန်း၊ ဓနုဖြူမြို့နယ်ရုံး များမှ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ တက်ရောက်ခဲ့ကြပြီး သိရှိလိုသည်များကို အသီးသီးမေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)