ပေါက်တော ဇန်နဝါရီ ၃၀
ရခိုင်ပြည်နယ်အစိုးရအစီအစဉ်ဖြင့် ပေါက်တောမြို့နယ်အတွင်းရှိ ရဟန်း၊ သာမဏေ၊ သီလရှင်များအား စားအုန်းဆီ ဆက်ကပ်လှူဒါန်းခြင်းကို ပေါက်တောမြို့ ဘဝမ်းဘုန်းတော်ကြီးကျောင်း၌ ယမန်နေ့ နံနက်(၉)နာရီက ကျင်းပပြုလုပ်သည်။
အဆိုပါအခမ်းအနားသို့ ပေါက်တောမြို့နယ်သံဃာ့နာယကဥက္ကဋ္ဌ ဆရာတော်နှင့် မြို့နယ် သံဃာ့နာယကအဖွဲ့ဝင်များနှင့် ပင့်ဖိတ်ထားသည့် သံဃာတော်များအား ပေါက်တောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဝင်းနှင့် အဖွဲ့ဝင်များက ပေါက်တောမြို့နယ်အတွင်းရှိ ရဟန်း၊ သာမဏေ၊ သီလရှင် အပါး(၈၃၉)ပါးအတွက် စားအုန်းဆီ (၂၅၁)ပိဿာ (၇၀)ကျပ်သားကို ဆက်ကပ် လှူဒါန်းကြသည်။ ထို့နောက် ပေါက်တောမြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု(၃၈)စုအတွက် အိမ်ထောင်စုတစ်စုလျှင် စားအုန်ဆီ (၁)ပိဿာနှုန်းဖြင့် (၃၈)ပိဿာ တို့ကို ထောက်ပံ့ပေးကြသည်။ ပေါက်တောမြို့နယ်အတွင်းရှိ ရဟန်း၊ သာမဏေ၊ သီလရှင်များနှင့် တိုက်ပွဲရှောင်ပြည်သူများအတွက် စားအုန်ဆီ (၂၈၉)ပိဿာ (၇၀)ကျပ်သား ထောက်ပံ့လှူဒါန်းပေးခဲ့ ကြကြောင်း သိရှိရသည်။
ကျော်သန်း၊ မြို့နယ်ပြန်/ဆက်