ချမ်းဘော့မြို့၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ထုတ်ပြန်ချက်လက်ကမ်းစာစောင်များ ဖြန့်ဝေ

မချမ်းဘော့  ဇန်နဝါရီ  ၃၀

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ထုတ်ပြန်ချက်လက်ကမ်းစာစောင်ကို ယမန် နေ့နံနက် ၆:၃၀ ချိန်မှ ၇:၄၅အချိန်ထိ  ဖြန့်ဝေခဲ့ကြောင်းသိရသည်။

အဆိုပါလက်ကမ်းစာစောင်ကို  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ကဥက္ကဋ္ဌ ဦဝေယံမင်းသွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်‌ထွေအုပ်ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊  ပြန်/ဆက်ဦးစီးမှူး၊ မြို့နယ်စည်ပင်အရာရှိနှင့်‌ စည်ပင်‌ကော်မတီ၀င်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ စုစုပေါင်းအင်အား (၁၅)ဦးဖြင့် လက်ကမ်းစာစောင်အရေအတွက်(၂၀၀)စောင် ဖြန့်ဝေခဲ့ကြောင်း ဖြန့်ဝေရာ၌  မချမ်းဘော့မြို့နယ် ဂူဘားလမ်းဆုံနှင့် မြို့မဈေးတွင် ဖြတ်သန်းသွားလာသူများနှင့် မနက်ဈေးရောင်း/ဈေး၀ယ်ပြည်သူများအား ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရန် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မချမ်းဘော့(ပြန်/ဆက်)