စစ်ကိုင်း ဇန်နဝါရီ ၃၀
စစ်ကိုင်းမြို့ရှိ တက္ကသိုလ်များ၊ ပညာရေးဒီဂရီကောလိပ်နှင့် အခြေခံပညာကျောင်းများတွင် (၇၅)နှစ် မြောက်၊ စိတ်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို စာစီစာကုံး၊ ပန်းချီ၊ ဆောင်းပါး ပြိုင်ပွဲ များကို ယမန်နေ့ နံနက်(၉)နာရီကစ၍ သက်ဆိုင်ရာကျောင်းများတွင် ယှဉ်ပြိုင်ပြု လုပ်ခဲ့ကြ ကြောင်း သိရသည်။
ပြိုင်ပွဲများကို စစ်ကိုင်းတက္ကသိုလ်၌ စာစီစာကုံး၊ ပန်းချီ၊ ဆောင်းပါး ပြိုင်ပွဲအတွက် ကျောင်းသား/ ကျောင်းသူ (၁၀)ဦး၊ စစ်ကိုင်းပညာရေးဒီဂရီကောလိပ်တွင် ကျောင်းသား/ ကျောင်းသူ (၅၂)ဦး၊ စစ်ကိုင်းမြို့နယ်အတွင်း အခြေခံပညာအဆင့် ကျပန်းစကားပြောပြိုင်ပွဲနှင့် ပန်ချီပြိုင်ပွဲတွင် ကျောင်းသား/ ကျောင်းသာ(၁၂)ဦးတို့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။
အဆိုပါ ပြိုင်ပွဲများသို့ သက်ဆိုင်ရာ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီး များနှင့် မြို့နယ်ပညာရေးမှူးတို့က လိုက်လံကြည့်ရှူ့အားပေးခဲ့ကြပြီး ဆုရရှိခဲ့ကြသူများကိုလည်း တိုင်းဒေသကြီး/ ဗဟိုအဆင့် ပြိုင်ပွဲများတွင် ဝင်ရောက်ပါဝင် ယှဉ်ပြိုင်ရမည်ဖြစ်ရာ လိုအပ်သည် များကို သက်ဆိုင်ရာ တက္ကသိုလ်/ ကောလိပ်နှင့် အခြေခံပညာကျောင်းများက ဆောင် ရွက်ပေး သွားမည်ဖြစ်ပြီး စစ်ကိုင်းခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့မှလည်း ဖေဖော်ဝါရီ(၁)ရက်နေ့တွင် ဆုရ ကျောင်းသား/ ကျောင်းသူများအား ဆုများပေးအပ်ချီးမြှင့် သွားမည်ဖြစ်ကြောင်းသိရကာ ပြိုင်ပွဲ များကို ဇန်နဝါရီ(၃၀)ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ဇော်မြင့်နိုင်