တကောင်း ဇန်နဝါရီ ၃၀
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းမြို့၊ ရေယာဉ်ကျေးရွာရှိ ဒေသခံပြည်သူများအား အသက်(၁၈)နှစ်ပြည့်ပြီးသူတိုင်း နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကိုင်ဆောင်နိုင်စေရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ လူမှုဘဝ ပြည့်စုံ ဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ ဆောင်ပုဒ်နှင့် အညီ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ (၂၇)ရက်နှင့် (၂၈)ရက်နေ့တို့တွင် ရေယာဉ်ကျေးရွာရှိ အခြေခံပညာကျောင်းခန်းမ၌ ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနအနေဖြင့် ဒေသခံပြည်သူများအား လက်ရှိဇာတိ ဒေသတွင် အမြဲတမ်းနေထိုင်၍ အိမ်ထောင်စုလူဦးရေ စာရင်းရှိပြီး ကိုင်ဆောင်လက်မှတ် မရှိသူများ အား ဆောင်ရွက်ပေးခြင်း၊ လက်ရှိဇာတိဒေသတွင် အမြဲတမ်းနေထိုင်၍ အိမ်ထောင်စုလူဦးရေ စာရင်းမရှိ ကိုင်ဆောင်လက်မှတ်မရှိသူများအား ဆောင်ရွက်ပေးခြင်း၊ ရွှေ့ပြောင်းနေထိုင်သူ များ အတွက် မူလဒေသတွင် အိမ်ထောင်စုလူဦးရေ စာရင်းရှိသော်လည်း လက်ရှိဒေသတွင် ကိုင်ဆောင် လက်မှတ်မရှိသူများအား ဆောင်ရွက်ပေးခြင်း၊ ရွှေ့ပြောင်းနေထိုင်သူများတွက် မူလဒေသတွင် အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်လက်မှတ်မရှိ၊ လက်ရှိဒေသတွင်လည်း အိမ်ထောင်စု လူဦးရေစာရင်းနှင့် ကိုင်ဆောင်လက်မှတ်မရှိသူများအား ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးခြင်း ဖြစ်သည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ လ.ဝ.က မှူး ဦးဖုန်းဇော်ဝင်းနှင့် ဝန်ထမ်းများ၊ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ရေယာဉ်ကျေးရွာရှိ အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသည့် ဒေသခံပြည်သူများအား ဥပဒေနှင့် အညီ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ရာ ၃(က)ပြုလုပ်သူ အမျိုးသား(၁၁)ဦး၊ အမျိုးသမီး(၅) ဦး၊ ၆(က)ပြုလုပ်သူ အမျိုးသား (၂၆)ဦး၊ အမျိုးသမီး (၄၉)ဦး၊ သက်ပြည့်လဲလှယ်သူ (၁၃)ဦး စုစုပေါင်း (၁၀၄)ဦးအား ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။
သီရိအောင် (တကောင်း)