နတ်မောက်မြို့နယ်၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ

နတ်မောက်    ဖေဖော်ဝါရီ    ၃

မကွေးတိုင်းဒေသကြီး မကွေးခရိုင် နတ်မောက်မြို့နယ်တွင် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ မကွေးတိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီမှ ထုတ်ဝေသော "ကလေးအလုပ်သမားပပျောက်ရေး"လက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ယမန်နေ့ နံနက် (၉) နာရီချိန်ခန့်က အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းရှိကျောင်းသား၊ ကျောင်းသူများအား လက်ကမ်းစာစောင် (၂၀၀) ဖြန့်ဝေပေး ခဲ့သည်။

အဆိုပါ လက်ကမ်းစာစောင်တွင်  ကလေးအလုပ်သမားအဓိပ္ပာယ်၊ ကလေးအလုပ်သမားများ၏ အသက်အရွယ်၊ ကလေးအလုပ်သမားပပျောက်ရေး ရည်မှန်းချက် (၃) ရပ်၊ ကလေးအလုပ်သမား များ၏အလုပ်ချိန် ကန့်သန့်ချက်၊ အလုပ်ရှင်များအတွက် ကလေးသူငယ်အခွင့်အရေးဆိုင်ရာများ  စသည့်အချက်များ ပါဝင်သည်။

ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေသည့်အချိန်တွင် ကလေးများအား ကလေးအလုပ်သမားဖြစ်စေခြင်းမှ  ပိုမိုကာကွယ်ကြရန်ရည်ရွယ်၍ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

သင်းသင်းမြတ် မြို့နယ် (ပြန်/ဆက်)