နတ်မောက်မြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် ကဗျာရွတ်ဆိုခြင်း၊ ကျပန်းစကားပြောခြင်းနှင့် ပုံပြောခြင်းပြိုင်ပွဲများ ကျင်းပ

နတ်မောက် ဖေဖော်ဝါရီ ၃

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကြီးမှူး၍ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် ကဗျာရွတ်ဆိုခြင်း၊ ကျပန်းစကားပြောခြင်းနှင့် ပုံပြောခြင်းပြိုင်ပွဲများကို ဖေဖော်ဝါရီလ (၁)ရက် မနက် (၁၀) နာရီအချိန်ခန့်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ထိုသို့ပြိုင်ပွဲများ ကျင်းပရခြင်းမှာ ကလေးငယ်များအနေဖြင့် အများနှင့် ပူးပေါင်းဆောင်ရွက်တက်စေရန်၊ ကောင်းသောယှဉ်ပြိုင်လို စိတ်များ ရှိစေရန်၊ အားငယ်သည့်အချိန်တွင် စာကြည့်တိုက်သို့ လာရောက်၍ ဗဟုသုတရရှိစေရေးအတွက် စာငှား စာဖတ်ကြရန်၊ စာကြည့်တိုက်သို့ စဉ်ဆက်မပြတ် ဝင်ထွက်သွားလာတက်သည့် အလေ့အထများ ဖြစ်ပေါ်စေရန် ရည်ရွယ်၍ ဆောင်ရွက်ပေးခြင်းဖြစ်ပြီး ကဗျာရွတ်ဆိုခြင်း၊ ကျပန်းစကားပြောခြင်းနှင့် ပုံပြောခြင်းပြိုင်ပွဲများသို့ နတ်မောက်မြို့ ဗိုလ်ချုပ်အောင်ဆန်း အထိမ်းအမှတ် အခြေခံပညာ အထက်တန်းကျောင်းမှ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသည့် ကျောင်းသား ကျောင်းသူများအား မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဥမ္မာခင်က ဆုများချီးမြှင့် ပေးခဲ့ကြောင်း သိရသည်။

လှဝင်း