လူထုအခြပြုဗဟိုဌာန(Community Centre)ခန်းမတွင် ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ ဆွေးနွေးပွဲပြုလုပ်

ဆင်ပေါင်ဝဲ  ဖေဖော်ဝါရီ ၃

မကွေးတိုင်းဒေသကြီး သရက်ခရိုင် ဆင်ပေါင်ဝဲမြို့နယ်၌ ကလေးအလုပ်သမားပပျောက်ရေး ဆိုင်ရာ ဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲပိုင်းက လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အဖွဲ့ဝင်များ တက်ရောက်ဆွေးနွေး ခဲ့သည်။

အဆိုပါ အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးနိုင်လင်းက ဆွေးနွေးပွဲအခမ်းအနား ဆောင်ရွက်ရခြင်းနဲ့ ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁)ဗိုလ်မှူးမျိုးဇော်ဟိန်းမှ ကလေးအလုပ်သမား ပပျောက်ရေးအတွက် ပြည်သူအားလုံးတွင် တာဝန်ရှိကြောင်းဆွေးနွေးခဲ့ကာ ဥပဒေအရာရှိ ဒေါ်ဇင်မာဦးက ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ ဥပဒေရေးရာကိစ္စရပ်များနှင့် ပတ်သက်၍ အသေးစိတ်ရှင်းလင်းပြောကြားခဲ့ပြီးတက်ရောက်လာသော ဌာနဆိုင်ရာတာဝန်ရှိသူများက ကလေးအလုပ်သမားပပျောက်ရေး ဆိုင်ရာအချက်အလက်များအား အပြန်အလှန် ဆွေးနွေးခဲ့သည်။

၎င်းဆွေးနွေးပွဲသို့ တက်ရောက်လာသူများအား "ကလေးအလုပ်သမားပပျောက်ရေး"လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ချိုချိုဝင်း(ပြန်ဆက်)