ပြည်ကြီးတံခွန် ဇန်နဝါရီ ၂၂
မန္တလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပြည်ကြီးတံခွန်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက အဆိုပါမြို့နယ်ရှိ အ-ထ-က -၃၉ ကျောင်းခန်းမ၌ ကျင်းပသည်။
အသိပညာပေးဟောပြောပွဲတွင် မန္တလေးခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သိမ့်သိမ့်မိုးက အားကစားနည်း(၄)မျိုးနှင့် အားကစား လေ့ကျင့်ခြင်းဖြင့်ရရှိလာသည့် အကျိူးကျေးဇူးများအကြောင်းကိုလည်းကောင်း ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်စောလွင်က စာပေဗဟုသုတကြွယ်ဝဖို့ လူတိုင်းစာဖတ်ကြပါစို့ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဦးစီးအရာရှိ ဦးနွယ်အေးချိုက အားကစားသိပ္ပံအကြောင်း သိကောင်းစရာများကိုလည်းကောင်း အသီးသီးဟောပြောကြပြီး တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များ မေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့သည်။
ထို့နောက် ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးက ကျောင်းသား၊ ကျောင်းသူများအတွက် ပိုက်ကျော်ခြင်း၊ ခြင်းလုံးနှင့်ဘော်လီဘော အစရှိသည့် အားကစားပစ္စည်းများ ပေးအပ်လှူဒါန်းရာ အ-ထ-က (၃၉) ကျောင်းအုပ်ဆရာမကြီး ဒေါ်ဇင်မာဦးက လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
စိုးသီဟ(အမရ)