သတင်းများ

မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် တောင်ငူမြို့နယ်အတွင်းရှိ ကျေးရွာများသို့ မွေးမြူရေးပညာပေး ဆွေးနွေးပွဲကျင်းပ
Jan 23,2025
ပဲခူးတိုင်းဒေသကြီး၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဒေါက်တာဝင်းဗိုလ်ဦးဆောင်၍ တောင်ငူခရိုင်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့်အတူ တောင်ငူမြို့နယ်အတွင်းရှိ ကျေးရွာများသို့ မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မွေးမြူရေးပညာပေးဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
ချောက်မြို့နယ်ရှိ အခြေခံပညာကျောင်း (၁၉၁) ကျောင်းမှ KG ကျောင်းသား/သူ( ၃၁၃၁) ဦးအား ကျောင်းတွင်း အာဟာရကျွေးမွေး​ခြင်း လုပ်ငန်းကွင်းဆင်းဆောင်ရွက်
Jan 23,2025
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တွင် ကျောင်းတွင်း အာဟာရ ကျွေးမွေးခြင်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊​ မြို့နယ်ပညာရေးမှူးရုံးနှင့် ခရိုင်/မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့များ ပူးပေါင်း​၍ ယမန်နေ့ နံနက် ၁၁ နာရီ အချိန်က အ.မ.က(၁၁)မြို့တိုးချဲ့ကျောင်းတွင် ဆောင်ရွက်ခဲ့သည်။
မင်းဘူးမြို့၌ ကွမ်းနုဝါ တစ်ပိဿာလျှင် ငွေကျပ် ၂၈၀၀၀ ခန့် ပေါက်ဈေးရှိပြီး လက်ရှိ ကွမ်းရွက်ဈေးကွက်အရ အတက်ဘက်သို့ ဦးတည်နေ
Jan 23,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၌ ကွမ်းနုဝါ(မုံရွာကွမ်း) တစ်ပိဿာလျှင် ငွေကျပ် ၂၈၀၀၀ ခန့်အထိ ပေါက်ဈေးရှိပြီး လက်ရှိဈေးကွက်အရ ကွမ်းရွက်ဈေးနှုန်းမှာ အတက်ဘက်သို့ ဦးတည်နေကြောင်း မင်းဘူးမြို့ရှိ ကွမ်းရွက်အရောင်းဆိုင်များထံမှ သိရသည်။
သရက်မြို့၌ သံဃာတော်များ၊ အသက်(၈၅)နှစ်အထက် အဘိုး၊ အဘွားများ၊ ပင်စင်စား (အငြိမ်းစား) ဝန်ထမ်းများအား အခမဲ့ဆေးကုသခြင်းဆောင်ရွက်
Jan 23,2025
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ သံဃာတော်များ၊ အသက်(၈၅)နှစ်အထက် အဘိုး၊ အဘွားများ ပင်စင်စား (အငြိမ်းစား) ဝန်ထမ်းများအား အခမဲ့ဆေးကုသခြင်း ဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်(၉)နာရီက ခရိုင်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့သည်။
မင်းလှမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ကျန်းမာရေး စမ်းသပ်စစ်‌ဆေးကုသပေးခြင်း ဆောင်ရွက်
Jan 23,2025
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါစစ်‌ဆေးပေးခြင်းနှင့် အခမဲ့စစ်ဆေးကုသပေးခြင်းတို့ကို‌ ယမန်နေ့နံနက် (၉)နာရီခွဲက မင်းလှမြို့ မြန်မာ့စီပွားရေးဘဏ်နှင့် မြို့နယ်ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့သည်။
ဒက္ခိဏခရိုင်၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်ဝိုင်း ကျင်းပ
Jan 23,2025
စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိစေရန်၊ စာဖတ်သူအချင်းချင်း ဗဟုသုတအတွေးအမြင်များဖလှယ်နိုင်စေရန်နှင့် စာကောင်းပေမွန်များ ရွေးချယ်ဖတ်ရူခြင်းဖြင့် အသိပညာများ ဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်၍ စာရေးဆရာကြီး ရန်ကုန်ဘဆွေရေးသားသည့် “သေသော်မှတည့် ဪ ကောင်း၏” စာအုပ်ဖြင့် Never Stop Learning Campaign စာဖတ်ဝိုင်းကို ယမန်နေ့နံနက်ပိုင်းတွင် ဒက္ခိဏခရိုင်၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပရာ ပြည်ထောင်စုနယ်‌‌မြေ၊ နေပြည်တော် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်မာဖြူ၊ လက်ထောက်ညွှန်ကြားရေးမှူးများနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ကြသည်။
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ နေပြည်တော်ကောင်စီ၏ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများနှင့်စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်
Jan 23,2025
၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ နေပြည်တော်ကောင်စီ၏ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများနှင့်စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ကောင်စီရုံး၊ အစည်းအဝေးခန်းမ(၁)၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ဌာနအကြီးအမှူးများ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ တက်ရောက်ခဲ့ကြသည်။
တောင်ကြီးမြို့၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်နေမှုအား ရှမ်းပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင် ကွင်းဆင်းကြည့်ရှု စစ်ဆေး
Jan 23,2025
ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်နှင့် တာဝန်ရှိသူများသည် ယမန်နေ့ နံနက် ၉ နာရီက တောင်ကြီးမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်ပြီးစီးနေမှုအခြေအနေအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။