တောင်ကြီး ဇန်နဝါရီ ၂၃
ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်နှင့် တာဝန်ရှိသူများသည် ယမန်နေ့ နံနက် ၉ နာရီက တောင်ကြီးမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်ပြီးစီးနေမှုအခြေအနေအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးသည် တောင်ကြီး အတက်အဆင်း လမ်းမိုင်တိုင် အမှတ် (၁၀၉/၄)နှင့် မိုင်တိုင်အမှတ် (၁၀၉/၅)၊ မိုင်တိုင်အမှတ် (၁၁၁/၀)နှင့် မိုင်တိုင်အမှတ် (၁၁၁/၁)၊ ဆေးတက္ကသိုလ် မိုင်တိုင်အမှတ် (၁၁၇/၅)နှင့် မိုင်တိုင်အမှတ် (၁၁၇/၆)တို့တွင် မြေညှိခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးနေမူများကို လိုက်လံကြည့်ရူစစ်ဆေးရာ လမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး(မြို့ပြ)နှင့် တာဝန်ရှိသူတို့က စက်ယန္တရားများဖြင့် မြေညှိခြင်းလုပ်ငန်းဆောင်ရွက်နေမူအခြေအနေများကို လိုက်လံရှင်းလင်းပြသခဲ့သည်။
ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက ပြည်ထောင်စုလမ်းမကြီးအား ကုန်ကားကြီးများသာမက ယာဉ်အမျိုးမျိုး လွယ်ကူချောမွေ့စွာဖြတ်သန်းသွားလာနိုင်ရေး၊ ရေရှည်တည်တံ့ ခိုင်ခံ့အောင် ပြန်လည်ပြုပြင်ဆောင်ရွက်နေမှုအခြေအနေများ၊ လုပ်ငန်းများအရည်အသွေးပြည့်မီရေးနှင့် အချိန်မီပြီးစီးရေး၊ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး စနစ်တကျဆောင်ရွက်သွားရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး၍ စံချိန်စံညွှန်းနှင့်ကိုက်ညီရေး၊ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးနှင့် သတ်မှတ်ကာလပြီးစီးရေး ဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သိရှိရသည်။
စိုင်းသန်းကျော်(တောင်ကြီး)