သရက် ဇန်နဝါရီ ၂၃
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ သံဃာတော်များ၊ အသက်(၈၅)နှစ်အထက် အဘိုး၊ အဘွားများ ပင်စင်စား (အငြိမ်းစား) ဝန်ထမ်းများအား အခမဲ့ဆေးကုသခြင်း ဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်(၉)နာရီက ခရိုင်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့သည်။
အဆိုပါ ဆေးကုသခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ခရိုင်ဆရာဝန်ကြီး ဒေါက်တာ ညွန့်ရွှေအောင်၏ ကြီးကြပ်မှုဖြင့် ဆရာဝန်များနှင့် ကျန်းမာရေးဝန်ထမ်းများက အသက် (၈၅)နှစ်အထက် အဘိုး၊ အဘွားများကို ကျန်းမာရေးစစ်ဆေးမှု ဆောင်ရွက်ပေးပြီး လိုအပ်သည့် ဆေးဝါးများနှင့် အာဟာရ အစားအသောက်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
ဇော်ထက်(သရက်)