မင်းလှမြို့နယ် သံပုရာကန်ကျေးရွာတွင် အသိပညာပေးဟောပြောခြင်းနှင့် တိုင်းရင်းဆေးကုဌာနမှ ဆေးကုသပေးခြင်းဆောင်ရွက်

အထက်မင်းလှ ဇန်န်ဝါရီ ၂၂

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အသိပညာပေးဟောပြောခြင်းနှင့် တိုင်းရင်းဆေးကုဌာနမှ ဆေးကုသ စောင့်ရှောက်မှုပေးခြင်းကို ယနေ့နံနက်(၉)နာရီခွဲက သံပုရာကန်ကျေးရွာ ဓမ္မာရုံ၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဇာဇာငြိမ်းက လူကုန်ကူးမှုအန္တရာယ်နှင့် မူးယစ်‌ဆေးဝါးအန္တရာယ်အကြောင်း၊ စာဖတ်ခြင်းဖြင့် ရရှိစေသော အကျိုးကျေးဇူးများအကြောင်း အသိပညာပေးဟောပြောခဲ့ပြီး၊ မင်းလှမြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်အေးမိစံနှင့် လက်‌ထောက်တိုင်းရင်းဆေးမှူး ဒေါ်စုမာဖြိုးတို့က ကျေးရွာနေပြည်သူ (၃၀)ဦး အား ရောဂါလက္ခဏာများ ကြည့်ရှုစစ်ဆေးပြီး တိုင်းရင်းဆေးဖြင့် ဆေးကုသပေးခဲ့သည်။

ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျေးရွာနေပြည်သူများ အသိပညာဗဟုသုတ ရရှိစေရန်အတွက် လူကုန်ကူးမှုအန္တရာယ်အကြောင်း၊ မူးယစ်ဆေးဝါး အန္တရာယ်အကြောင်း၊ စာဖတ်ခြင်းဖြင့်ရရှိသော အကျိုးကျေးဇူးများအကြောင်း စသည့် အသိပညာပေး နံရံကပ်စာစောင်များ ပြသပေးခဲ့ကြောင်း သိရသည်။

ဇာဇာ(အထက်မင်းလှ)