သတင်းများ

ကျောက်တံခါးမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် စာဖတ်ရှိန်မြှင့်တင်ရေး စာအုပ်စာစောင်ပြပွဲ ဆောင်ရွက်
May 20,2022
ပြည်သူများ စာဖတ်ရှိန်မြှင့်တင်ရေး၊ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်နှင့် အသိပညာဗဟုသုတများ မျှဝေနိုင်စေရန် ရည်ရွယ်၍ ကျောက်တံခါးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့နေ့လယ် ၁ နာရီက စာဖတ်ရှိန်မြှင့်တင်ရေး စာအုပ်စာစောင်ပြပွဲ ဆောင်ရွက်ခဲ့သည်။
လောင်းလုံးမြို့နယ်၌ မိုးရာသီအကြို သစ်ပင်စိုက်ပွဲတော်ကျင်းပခြင်းအခမ်းအနားကျင်းပ
May 20,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့ (က)ရပ်ကွက်မူလတန်းကျောင်းဝင်းအတွင်းရှိ မြေကွက်လပ်တွင် သစ်တောဦးစီးဌာန၏ အစီအစဉ်ဖြင့် ၂၀၂၂-ခုနှစ်၊ မိုးရာသီအကြို သစ်ပင်စိုက်ပွဲတော် ကျင်းပခြင်းအခမ်းအနားကို ယနေ့နံနက်(၈)နာရီခွဲအချိန်က သစ်ပင်စိုက်ပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
စဉ့်ကူးမြို့နယ်တွင် မြေပဲများ ပိုမိုစိုက်ပျိုး၊ သီးနှံပေါ်ချိန် ဈေးကောင်းရရှိရန် တောင်သူများမျှော်လင့်
May 20,2022
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့နယ်၌ ယခုနှစ်မိုးရာသီတွင် မိုးရွာသွန်းမှုကောင်းပြီး စိုက်ပျိုးရေအဆင်ပြေမှုကြောင့် တောင်သူများ မြေပဲသီးနှံကို ပိုမိုစိုက်ပျိုးလျက်ရှိကြသည်။
ရန်ကုန်တိုင်း‌ဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း ရန်ကုန်ပညာရေးတက္ကသိုလ် မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားသို့တက်ရောက်၍ အလှူငွေပေးအပ်
May 20,2022
ရန်ကုန်တိုင်း‌ဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နေ့လယ် ၁ နာရီခွဲတွင် ရန်ကုန်ပညာရေးတက္ကသိုလ် မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားသို့တက်ရောက်၍ အလှူငွေများပေးအပ်သည်။
မင်းလှ၌ စကောကရင်စာသင်ဆရာမများ မွမ်းမံသင်တန်းဆင်းပွဲ ပြုလုပ်
May 20,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Center ခန်းမ၌ ယနေ့နံနက် ၁၁ နာရီချိန်က စကောကရင်စာသင်ဆရာမများ မွမ်းမံသင်တန်းဆင်းပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
နွားထိုးကြီးမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူခွင့် ရရှိဖို့ ကျောင်းအပ်နှံကြပါစို့ ဆိုင်းဘုတ်စိုက်ထူ
May 20,2022
မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့ ပညာရေးမှူးရုံးရှေ့၌ ယနေ့နံနက်၉နာရီခွဲအချိန်က ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့ ဆိုင်းဘုတ်စိုက်ထူပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
တောင်သာမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါမျိုးဗီဇပြောင်းအိုမီခရွန်ကာကွယ်ရေးအသိပညာပေးနှိုးဆော်
May 20,2022
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါမျိုးဗီဇပြောင်းအိုမီခရွန်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းလုပ်ငန်းမျာကို ယနေ့နံနက်(၉)နာရီအချိန်က အမှတ်(၅)ရပ်ကွက်သို့သွားရောက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က တစ်ပတ်လျှင် (၄)ကြိမ်ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
လှည်းကူးမြို့နယ်တွင် ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး မွမ်းမံသင်တန်း ဖွင့်လှစ်
May 20,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ဆရာကြီး / ဆရာမကြီး များအနေဖြင့် ပညာရေးဆိုင်ရာ လုပ်ငန်းတာဝန်များကို လုပ်ကိုင်ဆောင်ရွက်ရာတွင် ကျွမ်းကျင်မှုရှိပြီးပေးအပ်သည့် လုပ်ငန်းတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နိုင်ကြစေရန်အတွက်