နွားထိုးကြီးမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူခွင့် ရရှိဖို့ ကျောင်းအပ်နှံကြပါစို့ ဆိုင်းဘုတ်စိုက်ထူ

နွားထိုးကြီး မေ ၂၀

မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့ ပညာရေးမှူးရုံးရှေ့၌ ယနေ့နံနက်၉နာရီခွဲအချိန်က ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့ ဆိုင်းဘုတ်စိုက်ထူပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ ဆိုင်းဘုတ်စိုက်ထူပွဲကို မြို့နယ်လက်ထောက်ပညာရေးမှူးနှင့် ထက်၊ လယ်၊ မူ ဆရာ၊ ဆရာမများပူးပေါင်း၍ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းနေအရွယ်ကလေးအားလုံးပညာ သင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့ ဆိုင်းဘုတ်စိုက်ထူခဲ့ကြောင်း သိရသည်။

၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ်၂၀၂၂ ခုနှစ်၊ မေ လ၂၆ ရက်နေ့မှ ဇွန်လ ၁ရက်နေ့ သတ်မှတ်ထားပြီး ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူခွင့်ကျောင်းအပ်နှံနိုင်ရေး စီစဉ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။

သန်းအောင်ဇော်(ပြန်/ဆက်)