တောင်သာ မေ ၂၀
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါမျိုးဗီဇပြောင်းအိုမီခရွန်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းလုပ်ငန်းမျာကို ယနေ့နံနက်(၉)နာရီအချိန်က အမှတ်(၅)ရပ်ကွက်သို့သွားရောက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က တစ်ပတ်လျှင် (၄)ကြိမ်ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါနှိုဆော်ချက်များတွင် တောင်သာမြို့နယ်၌ ပြည်သူများအနေဖြင့် လက်ရှိဖြစ်ပေါ်နေသော ကိုဗစ်-၁၉ ရောဂါမျိုးဗီဇပြောင်းအိုမီခရွန်ကာကွယ်နိုင်ရန်အတွက် အတတ်နိုင်ဆုံး အိမ်တွင်း၌သာနေထိုင်ကြရန်၊ ပြင်ပမှဧည့်သည်များလက်မခံရန်နှင့် အခြားသူများထံသွားရောက်ခြင်းမပြုရန်၊ နေအိမ်အပြင်ထွက်ခွာပါက ပါးစပ်နှင့်နှာခေါင်းစည်း (Mask) ကို စနစ်တကျ တပ်ဆင်သွားလာကြရန်၊ တစ်ဦးနှင့်တစ်ဦး တတ်နိုင်သမျှ ခပ်ခွာခွာနေထိုင်ကြရန်၊ လူစုလူဝေးများကိုရှောင်ရှားကြရန်၊ ရောဂါပိုးကူးစက်ခံရသည်ဟုသံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာန များသို့ဆက်သွယ်၍ မပျက်မကွက်ဆေးကုသမှုခံယူကြရန်နှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါမျိုးဗီဇပြောင်းအိုမီခရွန်ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ အသိပညာပေးလမ်းညွှန်အချက်များကို ပြည်သူများအားလုံးက ကိုယ်စီလိုက်နာကြပြီး ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန် စသည့်အချက်များအား Hand Speaker ဖြင့် လိုက်လံအသိပေးနှိုးဆော်ခြင်းများကို တစ်ပတ်လျှင်(၄)ကြိမ် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကျော်မျိုးနိုင်(တောင်သာ)