ဒေးဒရဲမြို့နယ်၌ Big catch- up နည်းလမ်းဖြင့် ကာကွယ်ဆေးထိုးလုပ်ငန်းအစီအစဉ်များအား ရှင်းလင်းဆွေးနွေး
Jan 20,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ အသက်(၅)နှစ်အောက် ကလေးများတွင် ကာကွယ်ဆေးဖြင့် ကာကွယ်ရသောရောဂါ ဖြစ်ပွားသေဆုံးမှုအား လျော့ချရန်၊ အသက်(၁)နှစ်မှ (၅)နှစ်အရွယ်ရှိပြီး ကာကွယ်ဆေးတစ်ကြိမ်မျှ မရရှိသေးသည့် ကလေးများနှင့် အသက်အရွယ်အလိုက် သတ်မှတ်ထားသည့် ကာကွယ်ဆေးများ အကြိမ်ပြည့် မရရှိသေးသည့် ကလေးများအား ကာကွယ်ဆေးအကြိမ်ပြည့်ရရှိရေးရည်ရွယ်၍ အသက် (၁)နှစ်မှ (၅) နှစ်အရွယ် ကလေးငယ်များကို Big Catch- Up နည်းလမ်းဖြင့် ကာကွယ်ဆေးထိုးနှံ၊ တိုက်ကျွေးခြင်း အစီအစဥ်များ ရှင်းလင်းဆွေးနွေးပွဲ အခမ်းအနားကို ယနေ့နံနက် (၁၀) နာရီက ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ရာ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်အုပ်စု အုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများ၊ ပြည်သူများတက်ရောက်ခဲ့ကြောင်း သိရသည်။