ပြည်ကြီးမဏ္ဍိုင်မြို့တွင် သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေး

ပြည်ကြီးမဏ္ဍိုင်  မေ   

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့တွင် မိုးရာသီကာလသွေးလွန်တုပ်ကွေးရောဂါအန္တရာယ်ကြို တင်ကာကွယ်ရေးအတွက် ပိုးလောက်လန်း စစ်ဆေးခြင်းနှင့်ခြင် ခိုအောင်းနိုင်သည့်နေရာများအား ဆေးဖျန်းခြင်းကိုဆေးကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ပြည်ကြီးမဏ္ဍိုင်ရပ်ကွက်တွင် ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ ဆောင်ရွက်မှုတွင်မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်း၍ မြို့ပေါ်ရပ်ကွက် ပြည်သူများ၏နေအိမ်ရှိ ပိုးလောက်လန်းများပေါက်ဖွားနိုင်သည့်ရေတိုင်ကီ၊ ရေအိုးများ၊ ရေကန်များ၊ကားတာယာ နှင့်ဘုရာပန်းအိုးများအားဖုန်း၊ သွန်၊ လဲ၊ စစ်စနစ်ဖြင့်ကျင့်သုံးခြင်းရှိ၊ မရှိနှင့်ကျင့်သုံးကြရန်တစ်အိမ်တက်ဆင်း ပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ကေခိုင်ဝင်း(ပြန်/ဆက်)