ပုသိမ်ကြီး မေ ၂၄
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ မီးသတ်ဦးစီးဌာနသည် မြို့နယ်အတွင်းရှိ တက္ကသိုလ်/ကောလိပ်များသို့ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးစစ်ဆေးလျက်ရှိရာ ယနေ့နံနက် ၉နာရီခွဲကစ၍ အောင်ချမ်းသာရပ်အနီးရှိ နည်းပညာတက္ကသိုလ် (မန္တလေး)နှင့် ရှင်တော်ကုန်းကျေးရွာအနီးရှိ မန္တလေး-နည်းပညာတက္ကသိုလ်တို့၌ ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
အဆိုပါ စစ်ဆေးရာတွင် ကျောင်းစာသင်ဆောင်များ၊ ရေစင်နှင့်ရေကန်များ၊ လျှပ်စစ်မီးတပ်ဆင်အသုံးပြုမှုများ၊ မီးသတ်ဆေးဘူးများထားရှိမှု အခြေအနေနှင့် အခြားလိုအပ်သည်များအား မြို့နယ်မီးသတ်ဦးစီးမှူး ဦးမင်းသန့်နှင့် တပ်ဖွဲ့ဝင်များက အကြံပြုမှာကြားကာ စစ်ဆေးဆောင်ရွက်ခဲ့ကြသည်။
စာသင်ကျောင်းဆောင်များ၊ စာကြည့်တိုက်၊ ရုံးခန်းများနှင့် ကြည့်ရှုစစ်ဆေးမည့် နေရာများအား မန္တလေးနည်းပညာတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာစန်းယုခိုင်နှင့် တာဝန်ရှိသူများက လိုက်လံပြသပေးခဲ့ပြီး၊ အလားတူနည်းပညာတက္ကသိုလ် (မန္တလေး)မှ ပါမောက္ခဒေါက်တာအောင်မျိုးနှင့် ဒေါ်ခင်မျိုးသန့် နယ်မြေအင်ဂျင်နီယာတို့က လိုက်လံရှင်းလင်းပြသခဲ့ကြပြီး၊ ကျောင်းအတွင်း လိုက်လံရှင်းလင်းပြသခဲ့ကြသည်။ ကျန်ရှိနေသေးသည့် တက္ကသိုလ်များအား ဆက်လက်ဆေးစစ်သွားမည်ဖြစ် ကြောင်း မြို့နယ်မီးသတ်ဦးစီးမှူးရုံးမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)