သရက်ချောင်းမြို့ မြန်မာ့စီးပွါးရေးဘဏ်၌ အငြိမ်းစား၀န်ထမ်းများအား ပင်စင်ငွေများထုတ်ပေး

သရက်ချောင်း  မေ ၂၄

တနင်္သာရီတိုင်းဒေသကြီး၊ ထား၀ယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၌ အငြိမ်းစား၀န်ထမ်းများအား မေလအတွက် ပင်စင်လစာငွေများ ပုံမှန်ထုတ်ပေးခြင်းကို ယမန် နေ့နံနက်ပိုင်းက သရက်ချောင်းမြို့၊ မြန်မာ့စီးပွါးရေးဘဏ်၌ ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

သရက်ချောင်းမြို့ မြန်မာ့စီးပွါးရေးဘဏ်၌ အငြိမ်းစား၀န်ထမ်းလစာထုတ်ယူခွင့်ရှိသူ(၆၈၁)ဦး ရှိသည့်အနက် ယမန်နေ့တွင် မြန်မာ့စီးပွါးရေးဘဏ်သို့ လာရောက်ထုတ်ယူသူဦးရေ(၁၀၈)ဦးအား ငွေကျပ်သန်းပေါင်း(၁၅၄၀၉၂၈၂.၄၆)ပြားကို ထုတ်ပေးနိုင်ခဲ့ကြောင်းကျန်ရှိနေသည့် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများမှ အငြိမ်းစား၀န်ထမ်းများကိုလည်း ဆက်လက်ထုတ်ပေးသွားမည်ဖြစ်ကြောင်း မြန်မာ့စီးပွါးရေးဘဏ် မန်နေဂျာ ဒေါ်ယုယုဌေးထံမှသိရသည်။

သားကြီး(သရက်ချောင်း)