မြင်းခြံ မေ ၁၆
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့တွင် ၂၀၂၂-၂၀၂၃ ခုနှစ် ပညာသင်နှစ် အခြေခံမူလတန်း အဆင့် Grade-8(သင်ရိုးသစ်) မြို့နယ်အဆင့် ဆင့်ပွားသင်တန်းကို ယနေ့နံနက် (၉) နာရီ အချိန်မှ စတင်၍ မြင်းခြံမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း သံလွင်ဆောင်တွင် ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရသည်။
“ယခု Grade-8 (သင်ရိုးသစ်) Face to Face သင်တန်းကို ယခင် ဧပြီလ ၂၈ ရက်နေ့ကနေ မေလ ၅ ရက်နေ့အထိ Online မှတစ်ဆင့် တက်ရောက်ခဲ့ကြတဲ့ နည်းပြ ဆရာ/ဆရာမများမှ မြို့နယ်အဆင့် ဆင့်ပွားသင်တန်းပို့ချတာဖြစ်ပါတယ်။ မြင်းခြံမြို့နယ်အတွင်းမှာရှိတဲ့ မူလတန်းပြ ဆရာ/ဆရာမများကို Grade-8(သင်ရိုးသစ်)၏ ရည်ရွယ်ချက်များနှင့် သင်ကြားရေးပိုင်းများကို သင်ကြားပို့ချသွားမှာ ဖြစ်ပါတယ်"ဟု မြို့နယ်ပညာရေး(တာဝန်) ဦးစိုးမြင့်ချိုက ပြောသည်။
အဆိုပါ သင်တန်းအား မေလ ၁၆ ရက်နေ့မှ မေလ (၁၈) ရက်နေ့ထိ နေ့စဉ် နံနက် (၉) နာရီမှ ညနေ (၄) နာရီထိ သင်တန်းနည်းပြ (၁၄) ဦးဖြင့် သင်ကြားပို့ချသွားမည်ဖြစ်ပြီး သင်တန်းသား/သင်တန်းသူ ဆရာ/ဆရာမ (၂၉၁) ဦး တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။
ကျော်စွာ(မြင်းခြံ)