မန်တုံမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာပေချစ်မြတ်နိုးသူအသင်း (Book Clup)နှင့် စာဖတ်ဝိုင်းကျင်းပ

မန်တုံ မေ ၁၆

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယမန်နေ့က ဒို့ကျေးရွာဂျာနယ် အတွဲ(၁၈)၊ အမှတ်(၁၂)စာစောင်မှစာရေးဆရာ ဒေါက်တာလွင်သန့်ရေးသားသည့် “အစားအစာနှင့် ကျန်းမာရေး” ခေါင်းစဉ် ဖြင့်စာဖတ်ဝိုင်းကို စာပေချစ်မြတ်နိုးသူအသင်း(Book Club)နှင့်ကျင်းပခဲ့သည်။

စာဖတ်ဝိုင်းတွင် မြို့နယ်ဦးစီးမှူး ဒေါ်ယုယုအောင်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန များ၌ စာဖတ်ဝိုင်းများဆောင်ရွက်ပေးခြင်းဖြင့် အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်တတ်ရန်၊ စာဖတ်သည့်အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ အပြန်အလှန်ဆွေးနွေးတတ်သည့် အလေ့အကျင့် ကောင်းများ ရရှိစေရန်၊ စာအုပ်စာပေမှရရှိသော ဗဟုသုတများဖြင့် အများအကျိုးဆောင်ရွက်နိုင်စေရန်၊ လူတိုင်းစာဖတ်ခြင်း အလေ့အထဖြစ်ပေါ်လာစေရန်ရည်ရွယ်၍ စာဖတ်ဝိုင်းကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက်ဒေါ်ဂျာခွမ် (Book Clup) ဥက္ကဋ္ဌမှ အစားအစာဟာ ကိုယ်ခန္ဓာအတွက် လောင်စာဆီ ဖြစ်ကြောင်း၊ ကျန်းမာရေးကောင်းဖို့ ညီညွတ်မျှတတဲ့အစာကို လိုအပ်ချက်အတိုင်း လုံလောက်စွာ စားသုံးဖို့လိုအပ်ကြောင်း၊ အစားအစာတိုင်းမှာ ကယ်လိုရီနဲ့ဖော်ပြနိုင်တဲ့ အင်အားပမာဏ ပါဝင်ကြောင်း၊ လူသားတို့စားသုံးတဲ့ အစားအစာများကို အုပ်စုငါးမျိုးခွဲခြားနိုင်ကြောင်းနှင့် တက်ရောက်လာသော  စာပေချစ်မြတ်နိုးသူ အသင်းအဖွဲ့ဝင်များမှ ကျန်းမာရေးဆောင်းပါးပါ    ကစီဓာတ်၊ အဆီ၊ အသား (ပရိုတိန်းဓာတ်)၊ ဗီတာမင်ဓာတ်များ  အစရှိအကြောင်းအရာများ အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

မန်တုံ(ပြန်/ဆက်)