ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့၌ Grade-8 (သင်ရိုးသစ်) မြို့နယ်အဆင့် ဆင့်ပွားသင်တန်းဖွင့်ပွဲ ကျင်းပ

ရသေ့တောင် မေ ၁၆

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့တွင် (၂၀၂၂-၂၀၂၃) ပညာသင်နှစ်၊ Grade-8 (သင်ရိုးသစ်) မြို့နယ်အဆင့် ဆင့်ပွားသင်တန်းဖွင့်ပွဲ အခမ်းအနား ကို ယနေ့၊ နံနက် (၉) နာရီက ရသေ့တောင် (အထက)(၂) အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ပညာရေးမှူး ဦးထွန်း‌‌ရွှေက တိုးတက်ပြောင်းလဲလာသော ပညာရေးစနစ် နှင့်အညီ အလယ်တန်းပညာရပ်သည် အဓိကကျပါကြောင်း၊ ဆရာ၊ ဆရာမတို့အနေနဲ့ Grade-8 (သင်ရိုးသစ်) သင်ရိုးညွှန်းတမ်းများကို နည်းစနစ်တကျ သင်ကြား၊ သင်ယူကြပါရန် လမ်းညွှန်မှာကြားခဲ့ပြီး၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦး‌မောင်ဝင်းညွန့်က သင်တန်းနည်းပြ ဆရာများနှင့် သင်တန်းသား ဆရာ / မတို့အား သင်တန်း၏ စည်းမျဉ်း၊ စည်းကမ်းများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ သင်တန်းသို့ ရ‌သေ့တောင်မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်း၊ အလယ်တန်းကျောင်းများမှ ထက်အုပ်၊ လယ်အုပ်၊ အလယ်တန်းပြဆရာ၊ ဆရာမ (၆၁၂) ဦး၊ တက်ရောက်ကြပြီး၊ သင်တန်းနည်းပြ ဆရာ /  မ ၂၂ ဦးတို့က Grade-8 (သင်ရိုးသစ်) သင်ရိုးညွှန်းတမ်း အတိုင်း မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ သိပ္ပံ၊ ပထဝီ၊ သမိုင်း၊ စာရိတ္တနှင့် ကာယစသည့် ဘာသာရပ်များကို မေလ (၁၆) ရက်နေ့မှ (၁၈) ရက်နေ့ အထိ (၃) ရက်ကြာ သင်ကြားပို့ချပေးလျက်ရှိကြောင်း သိရသည်။

ထွန်းလင်းကျော်(ပြန်/ဆက်)