မြစ်သား မေ ၁၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် အခြေခံပညာဦးစီးဌာန၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့် (Grade-8) Face to Face သင်တန်းဖွင့်ပွဲကို ယနေ့နံနက်(၉)နာရီက မြစ်သားမြို့ အခြေခံပညာအထက်တန်းကျောင်း ကျန်စစ်သားခန်းမ ဆောင်၌ကျင်းပပြုလုပ်ရာ တာဝန်ရှိသူများ၊ သင်တန်းနည်းပြဆရာများနှင့် သင်တန်းသား/ သင်တန်းသူများတက်ရောက်ကြသည်။
ရှေးဦးစွာ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်မင်းထွန်းမှ အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူး ဆရာမကြီးဒေါ်မြင့်မြင့်သိန်းမှ အမှာစကားပြောကြားသည်။ ဆက်လက်၍ သင်တန်းမှူးဒုတိယမြို့နယ်ပညာရေးမှူး ဆရာကြီးဦးကျော်ဟန်က သင်တန်းနှင့် ပတ်သက်သည့်အချက်အလက်များကို အသေးစိတ်ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါသင်တန်းကို (၁၆-၅-၂၀၂၂) မှ (၁၈-၅-၂၀၂၂) ရက်နေ့ထိ သင်တန်းကာလ(၃) ရက်ကြာနံနက်(၉)နာရီမှ ညနေ(၄)နာရီထိ သင်နည်းပြဆရာများမှ သင်တန်းသား(၇၀၀)ဦးအား သင်ရိုးသစ် (Grade-8) မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊သိပ္ပံ၊ ပထဝီ၊ သမိုင်း၊ ကာယဘာသာရပ်များကို စာတွေ့လက်တွေ့သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သင်တန်းမှူးဒုတိယမြို့နယ်ပညာရေးမှူးဦးကျော်ဟန်ထံမှ သိရသည်။
သီတာအောင်(မြစ်သား)