သတင်းများ

အစိုးရနည်းပညာအထက်တန်းကျောင်း(တောင်ကြီး) ၂၀၂၂-၂၀၂၃ပညာသင်နှစ် သင်တန်းများ၌ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ပညာသင်ကြား
Jun 07,2022
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာနအောက်ရှိ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့ရှိ အစိုးရနည်းပညာအထက်တန်းကျောင်း (တောင်ကြီး) ၂၀၂၂-၂၀၂၃ပညာသင်နှစ် (၃)သုံးနှစ်သင်တန်းများကို ဇွန်(၂)ရက်နေ့မှ စတင်ဖွင့်လှစ် သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
ရပ်စောက်မြို့နယ် ဇော်ဂျီသနပ်တောင် ရေလွှဲဆည်သစ်တောသစ်ပင်စိုက်ခင်း၌ သစ်ပင်စိုက်ပျိုး
Jun 07,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်တွင် သစ်ပင်စိုက်ပျိုးခြင်းကိုယနေ့ နံနက် ၈ နာရီကမြင်တောင်ကျေးရွာအုပ်စု၊ မကျီးကုန်းကျေးရွာရှိ ဇော်ဂျီသနပ်တောင် ရေလွဲဆည် သစ်တောသစ်ပင်စိုက်ခင်း၌ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
မိုင်းယုမြို့၊ ဆမ်မိန်းကျေးရွာ အလယ်တန်းကျောင်း(ခွဲ)၌ အသက် (၅)နှစ်မှ (၁၂)အထိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးများထိုးနှံပေး
Jun 07,2022
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၊ မိုင်းယုမြို့တွင် အသက်(၅)နှစ်မှ (၁၂)အထိကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ကာကွယ်ဆေးထိုးနှံပေးမှုကို ယမန်နေ့မွန်းလွဲပိုင်းက တာကြန့်ကျေးရွာအုပ်စု၊ ဆမ်မိန်းကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ ထိုးနှံပေးခဲ့သည်။
နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း နေပြည်တော်စက်မှုဇုန်ကြီးကြပ်ရေးကော်မတီ ဆပ်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်
Jun 07,2022
နေပြည်တော်စက်မှုဇုန်ကြီးကြပ်ရေးကော်မတီ၊ ဆပ်ကော်မတီဥက္ကဋ္ဌများနှင့် စီမံခန့်ခွဲရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ (၂)နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ပွင့်ဖြူမြို့နယ်၌ ၂၀၂၂ - ၂၀၂၃ မိုးသီးနှံစိုက်ပျိုးရာသီတွင် မိုးစပါးသီးနှံ ၆၉၀၉၄ ဧက လျာထား စိုက်ပျိုးသွားမည်
Jun 07,2022
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ဆန်စပါးရိက္ခာ ဖူလုံစေရေးအတွက် ၂၀၂၂-၂၀၂၃ မိုးသီးနှံစိုက်ပျိုးရာသီတွင်  ဒေသခံတောင်သူများက မဲဇလီရေလွှဲဆည်ရေကို အမှီပြု၍ မိုးစပါးသီးနှံဧက ၆၉၀၉၄ ဧက လျာထားစိုက်ပျိုး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။
မိုင်းဖြတ်မြို့နယ်၊ ဝမ်လုံးရေလွှဲဆည်အောက်ပိုင်း ချောင်းဖြောင့်ခြင်းလုပ်ငန်းအား ကွင်းဆင်းကြည့်ရှုစစ်ဆေး
Jun 07,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်တည်ဆောက်ရေးလုပ်ငန်းစိစစ်ရေး ကော်မတီဥက္ကဋ္ဌ ဦးညီညီအောင်နှင့် အဖွဲ့ဝင်များက
ဆင်ပေါင်ဝဲမြို့နယ်၌ တစ်အိမ်ထောင်လျှင် ကျွန်း (၃)ပင်၊ သစ်မာ(၂၀)ပင်၊ ပြည်သူဗဟိုပြုစိုက်ခင်းတွင် ကျွန်း (၁၀၀၀)ပင်နှင့် တစ်ရွာနှစ်ဧကစိုက်ခင်းများတွင် ကျွန်းပင်များအား ပြည်သူများမှ တပျော်တပါးစိုက်ပျိုး
Jun 07,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်တွင် ကျေးလက်နေပြည်သူများ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ဆင်ပေါင်ဝဲမြို့နယ် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ကြီးမှူး၍ ယမန်နေ့က မွှန်းညောင်ပင်သာကျေးရွာတွင် တစ်အိမ်ထောင်လျှင် ကျွန်း (၃)ပင်၊ သစ်မာ (၂၀) ပင်၊ ပြည်သူဗဟိုပြုစိုက်ခင်းတွင်ကျွန်း (၁၀၀၀) ပင်နှင့် တစ်ရွာနှစ်ဧကစိုက်ခင်းများ၌ ကျွန်းပင်များကို ပြည်သူများမှ တပျော်တပါးစိုက်ပျိုးခဲ့ကြောင်း သိရှိရသည်။
မုံးကိုးမြို့၌ လူထုအခြေပြုဗဟိုဌာန၊ (Community Centre)၌  စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပ
Jun 07,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မုံးကိုးမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း Book Club နှင့်စာဖတ်ဝိုင်းကို  ယမန်နေ့နေ့လည်(၁)နာရီအချိန်က ကျင်းပခဲ့သည်။