မိုင်းယု ဇွန် ၆
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၊ မိုင်းယုမြို့တွင် အသက်(၅)နှစ်မှ (၁၂)အထိကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ကာကွယ်ဆေးထိုးနှံပေးမှုကို ယမန်နေ့မွန်းလွဲပိုင်းက တာကြန့်ကျေးရွာအုပ်စု၊ ဆမ်မိန်းကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ ထိုးနှံပေးခဲ့သည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံပေးမှုအခြေအနေအား မိုင်းယုမြို့အုပ်ချုပ်ရေးမှူး ဦးအောင်ပြည့်ဖြိုးနှင့် တာဝန်ရှိသူများ၊ ကျေးလက်ကျန်းမာရေးဆရာမများနှင့် ဆရာ/ဆရာမ များက ယင်းကျောင်းရှိ ကျောင်းသား ၂၅ ဦး၊ ကျောင်းသူ ၄၀ဦး၊ စုစုပေါင်း ၆၅ ဦး တို့ကို ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် လိုအပ်သည့် ကျန်းမာရေးအခြေအနေစောင့်ကြည့်မှုများကို ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြသည်။
မိုင်းယုမြို့ အခြေခံပညာကျောင်းများရှိ ကာကွယ်ဆေးထိုးရန်ကျန်ရှိနေသော ကျောင်းသား၊ ကျောင်းသူများအား သတ်မှတ်ရက်များအလိုက် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကိုကိုနိုင်