မိုင်းဖြတ်မြို့နယ်၊ ဝမ်လုံးရေလွှဲဆည်အောက်ပိုင်း ချောင်းဖြောင့်ခြင်းလုပ်ငန်းအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

မိုင်းဖြတ် ဇွန် ၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်တည်ဆောက်ရေးလုပ်ငန်းစိစစ်ရေး ကော်မတီဥက္ကဋ္ဌ ဦးညီညီအောင်နှင့် အဖွဲ့ဝင်များက ယမန်နေ့ မွန်းလွှဲပိုင်းက မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ဆောင်ရွက်သည့် ဝမ်လုံးရေလွဲဆည်အောက်ပိုင်း နမ့်ဖတ်ချောင်းဖြောင့်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ စစ်ဆေးရာတွင် မြို့နယ်တည်ဆောက်ရေးလုပ်ငန်းစိစစ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညီညီအောင်နှင့် အဖွဲ့ဝင်များက မြို့နယ်ဆည်မြောင်းနှင့်ရေအသုံချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၊ ပြည်နယ်ခွင့်ပြု ရန်ပုံငွေ (၁၃.၀၀) သန်းဖြင့် အလျား (၁၀၀)ပေ၊ အောက်မြေအကျယ် (၃၀)ပေ အတိုင်းအတာရှိ ဝမ်လုံးရေလွဲဆည်အောက်ပိုင်း ချောင်းဖြောင့်ခြင်းလုပ်ငန်းအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ရာ လုပ်ငန်း ကြီးကြပ်အင်ဂျင်နီယာ မြို့နယ်ဦးစီးမှုး(မြို့ပြ) ဦးမြင့်ဇော်အောင်က ဆောင်ရွက်ပြီးစီးမှုလုပ်ငန်းအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။

ယခုအခါ နမ့်ဖတ်ချောင်းဖြောင့်ခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးပြီဖြစ်၍ မိုးရာသီကာလအတွင်း နမ့်ဖက်ချောင်းအောက်ပိုင်းရှိ စိုက်ပျိုးမြေများ၊ ကျေးရွာမြေများပျက်စီးမှု၊ ရေကြီးရေလျှံမှု၊ ရေတိုက်စားမှုဒဏ်မှ   ကြိုတင်ကာကွယ်နိုင်မည်ဖြစ်ကြောင်း  လုပ်ငန်းကြီးကြပ်မှုအင်ဂျင်နီယာ ဦးမြင့်ဇော်အောင်ထံက သိရသည်။

မြို့နယ်(ပြန်/ဆက်)