တောင်ကြီး ဇွန် ၇
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာနအောက်ရှိ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့ရှိ အစိုးရနည်းပညာအထက်တန်းကျောင်း (တောင်ကြီး) ၂၀၂၂-၂၀၂၃ပညာသင်နှစ် (၃)သုံးနှစ်သင်တန်းများကို ဇွန်(၂)ရက်နေ့မှ စတင်ဖွင့်လှစ် သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ အစိုးရနည်းပညာအထက်တန်းကျောင်း(တောင်ကြီး)တွင် အဆောက်အဦနည်းပညာ၊ အီလက်ထရောနစ်နည်းပညာ၊ လျှပ်စစ်နည်းပညာ၊ မော်တော်ယာဉ်နည်းပညာနှင့် စက်ပစ္စည်းအစိတ် အပိုင်းများထုတ်လုပ်ခြင်းနည်းပညာ စသည့်ဘာသာရပ်များကို စာတွေ့လက်တွေ့သင်ကြားပို့ချပေးလျက်ရှိပြီး သင်တန်းကာလ(၃)နှစ် တက်ရောက်ပြီးစီးပါက အခြေခံပညာအထက်တန်းပြီးမြောက်ကြောင်း လက်မှတ်ထုတ်ပေးသွားမည်ဖြစ်ပြီး ထူးချွန်စွာအောင်မြင်သူများသည် အစိုးရနည်းပညာ သိပ္ပံ/ ကောလိပ်များ (GTI/GTC)သို့ ဆက်လက်တက်ရောက်ခွင့်ရရှိမည်ဖြစ်ကြောင်း၊ သင်ကြား ရေးနှင့်စီမံခန့်ခွဲရေးဝန်ထမ်းပေါင်း (၄၀)ဦးဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုပညာသင်နှစ်တွင် ယနေ့ထိ ကျောင်းသား၊ ကျောင်းသူပေါင်း (၆၅)ဦး အေးချမ်းစွာတက်ရောက်သင်ကြားလျက်ရှိကြောင်းနှင့် ကျောင်းသားသစ်များအတွက် ကျောင်းအပ်လက်ခံခြင်းကို ဇွန်(၂၀)ရက်နေ့ထိ တိုးမြှင့်လက်ခံပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
စိုင်းအယ်ဘဲ