ရပ်စောက် ဇွန် ၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်တွင် သစ်ပင်စိုက်ပျိုးခြင်းကို ယမန်နေ့ နံနက် ၈ နာရီကမြင်တောင်ကျေးရွာအုပ်စု၊ မကျီးကုန်းကျေးရွာရှိ ဇော်ဂျီသနပ်တောင် ရေလွဲဆည် သစ်တောသစ်ပင်စိုက်ခင်း၌ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဝင်း၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူများစုပေါင်း၍ မိုးရာသီ ကာလ အတွင်းသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် စိမ်းလန်းစိုပြည်သာယာလှပစေရန်၊ သစ်တော စိုက်ပျိုးပြုစုထိန်းသိမ်းရေးတွင် ပြည်သူလူထုပူးပေါင်းပါဝင် ဆောင်ရွက်လာစေရန်နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေးကို အထောက်အကူဖြစ်စေရန်အတွက် ကျွန်း(၉၀)ပင်၊ ခါတော်မှီ (၁၉၀)ပင်၊ မယ်ဇလီ (၇၀)ပင် စုစုပေါင်းပျိုးပင် (၃၅၀)ပင်ကို စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
ရဲထက်ဦး(ပြန်၊ဆက်)